မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉  ကူးစက်ခံရသူ ၂၁၅၃ ဦး ထပ်မံတွေ့ရှိ


 

ကွာလာလမ်ပူ   မေ   ၉
မလေးရှားနိုင်ငံ၌   မေ ၈ ရက် သန်းခေါင်ယံအချိန်အထိ   ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ  ၂၁၅၃ ဦးရှိလာသဖြင့် ကိုဗစ်-၁၉ ကူးစက် ခံရသူစုစုပေါင်း ၄၄၅၈၈၈၉ ဦးရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ   သိရသည်။ မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူများအနက်   ပြည်ပပြန်ကူးစက်ခံရသူ  နှစ်ဦးရှိပြီး ဒေသတွင်းကူးစက်ခံရသူ ၂၁၅၁ ဦးရှိကြောင်း  ကျန်းမာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်၏ ထုတ်ပြန်ဖော်ပြချက်အရ   သိရသည်။
မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ကြောင့် ထပ်မံသေဆုံးသူ လေးဦးရှိ ရာ ကိုဗစ်-၁၉ ကြောင့်  သေဆုံးသူ စုစုပေါင်း   ၃၅၅၈၃ ဦး  ရှိလာပြီ ဖြစ်သည်။ မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ မှ  နောက်ထပ် ပြန်လည်ကျန်းမာ လာသူ ၂၈၆၉  ဦးရှိလာသဖြင့်  ပြန်လည်ကျန်းမာလာသူ စုစုပေါင်း ၄၄၀၀၇၅၀ ရှိလာပြီဖြစ်သည်။ လက်ရှိတွင် မလေးရှားနိုင်ငံတွင် ကိုဗစ်-၁၉  ကူးစက်ခံနေရသူ ၂၂၅၅၆ ဦးရှိသည့်အနက် ၈၈ ဦးမှာ အထူးကြပ်မတ် ကုသဆောင်တွင် ကုသမှုခံယူနေရပြီး    ၅၉   ဦးမှာ အသက်ရှူအထောက် အကူပြု ကိရိယာများ လိုအပ်နေကြောင်း သိရသည်။  မလေးရှားနိုင်ငံ၌  မေ ၈ ရက် တစ်ရက်တည်းတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးအလုံးရေ   ၂၆၅၈၄ လုံး ထိုးနှံပေးခဲ့သည်။    မလေးရှားနိုင်ငံတွင်   နိုင်ငံလူဦးရေ၏ ၈၅ ဒသမ ၁ ရာခိုင်နှုန်းမှာ   ကိုဗစ်-၁၉ ကာကွယ်ဆေးအနည်းဆုံး တစ်ကြိမ် ထိုးနှံပြီးဖြစ်ပြီး ၈၂ ရာခိုင်နှုန်းမှာ  ကာကွယ်ဆေးအကြိမ် ပြည့်ထိုးနှံပြီးဖြစ်၍ ၄၉ ဒသမ ၁ ရာခိုင်နှုန်းမှာ  အပိုဆောင်းကာကွယ် ဆေး  ထိုးနှံပြီးဖြစ်ကြောင်း  ထုတ်ပြန်ဖော်ပြထားသည်။      ဆင်ဟွာ