
ကွာလာလမ်ပူ အောက်တိုဘာ ၂၀
မလေးရှားနိုင်ငံ၌ အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာ ၁၉ ရက်တွင် ကျင်းပသွားမည်ဖြစ် ကြောင်း ရွေးကောက်ပွဲကော်မရှင် က အောက်တိုဘာ ၂၀ ရက်က ပြောကြားလိုက်သည်။
ရွေးကောက်ပွဲဝင်ရောက်ယှဉ် ပြိုင်မည့် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခြင်းကို နိုဝင်ဘာ ၅ ရက်တွင် စတင် သွားမည်ဖြစ်ပြီး တရားဝင် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံး ရေးအတွက် သီတင်းပတ်နှစ်ပတ် အချိန်ရရှိမည် ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ အဗ္ဗဒူဂါနီဆာလေက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားလိုက် သည်။
နိုင်ငံတစ်ဝန်း မဲရုံပေါင်း ၈၉၅၈ ရုံတွင် မဲရုံဝန်ထမ်းပေါင်း ၃၆၃၅၁၅ ဦး တာဝန်ချထားပေး မည်ဖြစ်ကြောင်း ၎င်းက ပြော ကြားလိုက်သည်။
ဝန်ကြီးချုပ် အစ္စမေးလ် ဆာဘရီ ယာကော့ဘ် သည် ပါလီမန်ကို အောက်တိုဘာ ၁၀ ရက်တွင် ဖျက်သိမ်းခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲအတွက် လမ်းခင်းပေးခဲ့သည်။
ဆင်ဟွာ