
ကွာလာလမ်ပူ ဩဂုတ် ၁၇
မလေးရှားနိုင်ငံ ဆီလန်ဂေါ ပြည်နယ်၌ ဩဂုတ် ၁၇ ရက် နေ့လယ်ပိုင်းက အသေးစား လေယာဉ်တစ်စင်း ပျက်ကျမှု ကြောင့် ၁၀ ဦး သေဆုံးခဲ့ကြောင်း မလေးရှား သယ်ယူပို့ဆောင်ရေး ဝန်ကြီး အန်တိုနီ လော့ခ် စီဖု က ပြောကြားသည်။
ခရီးသည် ခြောက်ဦး၊ လေယာဉ်အမှုထမ်း နှစ်ဦးနှင့် လေယာဉ် ပျက်ကျမှုဖြစ်ပွား သည့် နေရာရှိ အခြားလူနှစ်ဦး သေဆုံးခဲ့ပြီး အသက်ရှင်ကျန်ရစ် သူမရှိကြောင်း လော့ခ် က သတင်းစာ ရှင်းလင်းပွဲ၌ ပြော ကြားသည်။
မွန်းလွဲ ၂ နာရီ ၀၈ မိနစ် တွင် လန်ကာဝီ အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ထွက်ခွာလာ သည့် အဆိုပါ လေယာဉ်သည် ဆူတန် အက်ဒယ် အဇက်ရှာ့ လေဆိပ်သို့ ဦးတည်ပျံသန်းခဲ့ ကြောင်း မလေးရှားမြို့ပြအာဏာ ပိုင်အဖွဲ့က အစောပိုင်းထုတ်ပြန် ချက်တွင် ပြောကြားသည်။ မွန်းလွဲ ၂ နာရီ ၅၁ မိနစ်တွင် ဆူဘန်းလေကြောင်းထိန်းချုပ်ရေး မျှော်စင်က လေယာဉ်ပျက်ကျ သည့်နေရာမှ မီးခိုးများ ထွက်ပေါ် သည်ကို သိရှိခဲ့သော်လည်း လေယာဉ်မှ သတင်းပေးပို့မှု မရှိခဲ့ ကြောင်း သိရသည်။ ကွာလာ လမ်ပူ လေကြောင်းကယ်ဆယ်ရေး ညှိနှိုင်းမှုဌာနက ရှာဖွေကယ်ဆယ် ရေး လုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည်။
ဆင်ဟွာ