မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် Astrazeneca ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ငါးသိန်း Doses ရောက်ရှိ

 

နေပြည်တော်     ဧပြီ    ၂၀


မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းသော Astrazeneca အမှတ်တံဆိပ်  ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေး  ငါးသိန်း doses  သည်  ယနေ့နံနက်ပိုင်းက  မလေးရှားနိုင်ငံ ကွာလာ လမ်ပူလေဆိပ်မှ မလေးရှားလေကြောင်းလိုင်း ကုန်တင်ယာဉ် ဖြင့်    ရန်ကုန်အပြည်ပြည်ဆိုင်ရာ   လေဆိပ်သို့  ရောက်ရှိ သည်။

 


မလေးရှားနိုင်ငံမှ   လှူဒါန်း သည့် Astrazeneca ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးများအား Malaysia-Myanmar Business Clamber(MMBC) ဥက္ကဋ္ဌ Ms. Loi Jin Choo၊ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံးမှ   Counsellor, Mr. Muhammad Syukri Bin Azmi နှင့်   တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီး  ပြည်သူ့ ကျန်းမာရေးနှင့်  ကုသရေးဦးစီး ဌာနမှူး ဒေါက်တာထွန်းမင်းနှင့် တာ၀န်ရှိသူများထံ   လွှဲပြောင်း ပေးအပ်သည်။ 

 


သိုလှောင်ထားရှိ


အဆိုပါ ကာကွယ်ဆေးများကို မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်း ရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကာကွယ်ဆေးသိုလှောင်ခန်း တွင်  အအေးလမ်းကြောင်းမပြတ် သိုလှောင်      ထားရှိမည်ဖြစ်သည်။

 


ယနေ့    ရောက်ရှိလာသည့် Astrazeneca      ကိုဗစ်-၁၉ ရောဂါ    ကာကွယ်ဆေးများကို  နေပြည်တော်  ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ သို့ လိုအပ်ချက်အရ  မြေပြင်ခရီး လမ်းကြောင်းမှ  လည်းကောင်း၊ တပ်မတော်(လေ)နှင့် မြန်မာ့ လေ ကြောင်းလိုင်းတို့၏ အကူအညီဖြင့် လေကြောင်းခရီးမှ လည်းကောင်း အအေးလမ်းကြောင်း     မပြတ် ဆက်လက်ဖြန့်ဝေသွားမည်ဖြစ် ကြောင်းနှင့်     ဦးတည်အုပ်စု အလိုက်    ပြည်သူ့ဆေးရုံများနှင့် ကာကွယ်ဆေးထိုးစုရပ်များတွင် ထိုးနှံပေးသွားမည်ဖြစ်သည်။

 


ထပ်ဆောင်းကာကွယ်ဆေးထိုးနှံ


ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပြီးစီးမှုအနေဖြင့် ယနေ့ အထိ ကာကွယ်ဆေးတစ်ကြိမ်နှင့် အထက်   ထိုးနှံပြီးသူဦးရေ  ၂၈ ဒသမ ၉၇  သန်းကျော်ရှိပြီဖြစ်ပြီး ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံ မှုအနေဖြင့် ၁ ဒသမ ၂ သန်း doses ထိုးနှံပြီးဖြစ်ရာ         စုစုပေါင်း ကာကွယ်ဆေး doses ပေါင်း ၅၂ ဒသမ ၆၅ သန်းကျော် ထိုးနှံပြီးစီး ပြီဖြစ်ကြောင်း သိရသည်။


သတင်းစဉ်