မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အာဆီယံအား အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့်  အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နှင့် အလွတ်သဘောထိတွေ့ဆက်ဆံရန်  အဆိုပြုချက်အပေါ် မြန်မာနိုင်ငံက ပြင်းထန်စွာ ကန့်ကွက်ပယ်ချ


 

၂၀၂၂ ခုနှစ်၊  မေလ ၁  ရက်ထုတ်    မလေးမေးလ်သတင်းစာတွင် “မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အာဆီယံအား အကြမ်းဖက် အဖွဲ့အစည်းဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အလွတ်သဘော ထိတွေ့ဆက်ဆံရန် အဆိုပြုသွားမည်ဖြစ်ကြောင်း” ဖော်ပြပါရှိသည့် သတင်းဆောင်းပါးကို နိုင်ငံခြားရေးဝန်ကြီးဌာနက တွေ့ရှိရသည်။ 
မြန်မာနိုင်ငံ  အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုကော်မတီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊
အကြမ်းဖက်မှုတိုက်ဖျက်ရေး       ဥပဒေအရ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊  ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF)  နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများသည် အကြမ်းဖက် အုပ်စုများအဖြစ် ၂၀၂၁ ခုနှစ်၊ မေလ ၈ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၂၁ ဖြင့်  တရားဝင် ထုတ်ပြန်ကြေညာခဲ့ကြောင်းကို   နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် ထပ်မံအသိပေးအပ်သည်။ 
မလေးရှားနိုင်ငံခြားရေးဝန်ကြီး၏    မဆင် မခြင်နှင့်  တာဝန်မဲ့  အဆိုပြုပြောကြားချက်သည်  မြန်မာနိုင်ငံအတွင်း      အကြမ်းဖက်မှုများကို      အားပေးရာရောက်နိုင်သည့်အပြင်    အကြမ်းဖက်မှု များ  တိုက်ဖျက်ရေးအတွက်    မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်ချက်များကို အဟန့်အတား ဖြစ်စေပြီး နိုင်ငံတကာအကြမ်းဖက်မှုတိုက်ဖျက် ရေး    သဘောတူညီချက်များကို   ချိုးဖောက်ရာ ရောက်စေသည့်အတွက်  နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့်     ပြင်းထန်စွာ    ကန့်ကွက်ပယ်ချကြောင်း ဖော်ပြအပ်သည်။ ထို့ပြင် နောင်တွင် မလေးရှားနိုင်ငံအစိုးရတာဝန်ရှိသူများနှင့်  လွှတ်တော်အမတ် များအနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းများနှင့်  ၎င်းတို့၏    ကိုယ်စားလှယ်များအား    ထိတွေ့ ဆက်ဆံခြင်းနှင့် အားပေးပံ့ပိုးခြင်းများ မပြုလုပ် ရန်လည်း သတိပေးဖော်ပြအပ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၂၂ ခုနှစ်၊ မေလ   ၂   ရက်