
ကွာလာလမ်ပူ ဖေဖော်ဝါရီ ၂၁
မလေးရှားနိုင်ငံ၌ ဖေဖော်ဝါရီ ၂၀ ရက် ညသန်းခေါင်အထိ ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၂၆၈၃၂ ဦးရှိကြောင်း အတည်ပြု ဖော်ပြမှုနှင့်အတူ နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ပေါင်း ၃၂၂၁၆၈၀ ရှိကြောင်း ဖော်ပြခဲ့သည်။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၆၈ ဦးမှာ ပြည်ပကူးစက်မှုဖြစ်ပြီး ၂၆၇၆၄ ဦးမှာ ပြည်တွင်းကူးစက်မှု ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာန ဝက်ဘ်ဆိုက်တွင် ဖော်ပြ ထားသည်။
ကိုဗစ်-၁၉ ကြောင့် ၃၇ ဦး ထပ်မံသေဆုံးကြောင်း ဖော်ပြမှု နှင့်အတူ စုစုပေါင်း ကိုဗစ်- ၁၉ ကြောင့် သေဆုံးသူ ၃၂၃၄၇ ဦး ရှိလာခဲ့ပြီဖြစ်သည်။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု မှ ပြန်လည်ကျန်းမာပြီး ဆေးရုံမှ ဆင်းလာသူ ၁၈၄၅၉ ဦးအပါအဝင် စုစုပေါင်း ကိုဗစ်-၁၉ ရောဂါ ကင်းစင်သွားသူပေါင်း ၂၉၃၇၆၅၅ ဦး ရှိလာပြီဖြစ်သည်။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား လျက်ရှိသူ ၂၅၁၆၇၈ ဦးအနက် ၂၄၇ ဦးမှာ အထူးကြပ်မတ်ကုသ ဆောင်တွင် ဆေးကုသမှုခံယူ လျက်ရှိပြီး ၎င်းတို့အနက် ၁၃၉ ဦး မှာ အသက်ရှူအထောက်အကူပြု ကိရိယာ လိုအပ်လျက်ရှိကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၀ ရက်တစ်ရက် တည်း၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပြီးသူ ၁၂၈၁၅၃ ဦးရှိခဲ့ရာ လူဦးရေ၏ ၈၁ ဒသမ ၅ ရာခိုင်နှုန်း မှာ ကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ် ထိုးနှံပြီးဖြစ်ကြောင်း သိရပြီး ၇၈ ဒသမ ၈ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးအပြည့်အဝ ထိုးနှံ ပြီးဖြစ်သည်။ ထို့အပြင် ၄၂ ဒသမ ၈ ရာခိုင်နှုန်းမှာ အပိုဆောင်း ကိုဗစ်- ၁၉ ကာကွယ်ဆေး ထိုးနှံပြီး ဖြစ်ကြောင်း သိရသည်။ ဆင်ဟွာ