
ကွာလာလမ်ပူ မတ် ၂၉
မလေးရှားနိုင်ငံ၌ မတ် ၂၈ ရက် ညသန်းခေါင်အထိ ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၁၃၃၃၆ ဦး ရှိကြောင်း ဖော်ပြမှုနှင့်အတူ နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူပေါင်း ၄၁၅၂၂၀၃ ဦး အထိ ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ် ပြန်လိုက်သော သတင်းအချက် အလက်များအရ သိရသည်။
အဆိုပါ ထပ်မံကူးစက်ဖြစ်ပွား သူများအနက် ၁၈၉ ဦးမှာ ပြည်ပ ကူးစက်မှုဖြစ်ပြီး ၁၃၁၄၇ ဦးမှာ ပြည်တွင်းကူးစက်မှု ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက ဝက်ဘ်ဆိုက်တွင်ထုတ်ပြန် ဖော်ပြလိုက်သည်။
ကိုဗစ်-၁၉ ကြောင့် နောက်ထပ် ၅၄ ဦး ထပ်မံသေဆုံးခဲ့သော ကြောင့် စုစုပေါင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၃၄၈၄၂ ဦး အထိရှိလာခဲ့သည်။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ၂၅၅၅၂ ဦး ပြန်လည်ကျန်းမာ လာသောကြောင့် စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည် ကျန်းမာလာသူပေါင်း ၃၈၉၆၄၈၉ ဦးအထိရှိလာကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ဖော်ပြသည်။
လတ်တလောတွင် နိုင်ငံ အတွင်း ကိုဗစ်-၁၉ ဖြစ်ပွားနေသူ ၂၂၀၈၇၂ ဦးရှိပြီး ၎င်းတို့အနက် ၂၈၈ ဦးမှာ အထူးကြပ်မတ်ကုသ ဆောင်တွင် ကုသလျက်ရှိကာ ၁၈၅ ဦးမှာ အသက်ရှူအထောက် အကူ ကိရိယာလိုအပ်လျက်ရှိ ကြောင်း သိရသည်။
မတ် ၂၈ ရက်အထိ ကိုဗစ်-၁၉ ကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ်ထိုးပြီးသူ ၈၄ ဒသမ ၂ ရာခိုင်နှုန်းရှိပြီး အပြည့်အဝ ကာကွယ်ဆေးထိုးပြီးသူ ၇၉ ရာခိုင်နှုန်းရှိပြီး အပိုဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ ပြီးသူ ၄၈ ရာခိုင်နှုန်းရှိသည်။
ဆင်ဟွာ