
ကွာလာလမ်ပူ မေ ၃
မလေးရှားနိုင်ငံ၌ မေ ၂ ရက် ညသန်းခေါင်အထိ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူသစ် ၁၃၅၂ ဦး ရှိကြောင်း ဖော်ပြမှုနှင့်အတူ နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူပေါင်း ၄၄၅၀၈၅၉ ဦး အထိ ရောက်ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ် ပြန်ကြေညာသည်။
ပြည်ပပြန် ကူးစက်ဖြစ်ပွားသူ လေးဦးရှိပြီး ပြည်တွင်းကူးစက် ဖြစ်ပွားသူ ၁၃၄၈ ဦးရှိကြောင်း ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ဖော်ပြထားသည်။
ကိုဗစ်-၁၉ ကြောင့် နောက် ထပ် သေဆုံးသူ ငါးဦးရှိလာ ကြောင်း ဖော်ပြမှုနှင့်အတူ စုစု ပေါင်း သေဆုံးသူ ၃၅၅၅၅ ဦးအထိ ရှိလာခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည်ကောင်းမွန်လာသူ ၆၀၇၇ ဦးရှိကြောင်း ဖော်ပြမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုမှ ပြန်လည်ကောင်းမွန် လာပြီး ဆေးရုံမှ ဆင်းလာသူ ၄၃၇၈၈၆၄ ဦးရှိသည်။
ထို့အပြင် အထူးကြပ်မတ် ကုသဆောင်တွင် ကုသမှုခံယူနေ သူ ၆၆ ဦးနှင့် အသက်ရှူ အထောက်အကူ ကိရိယာဖြင့် အသက်ရှူနေသူ ၄၄ ဦးအပါအဝင် နိုင်ငံအတွင်း ကိုဗစ်-၁၉ လတ် တလော ကူးစက်ဖြစ်ပွားလျက် ရှိသူ ၃၆၄၄၀ ရှိသည်။
မေ ၂ ရက်က တစ်ရက်တည်း နိုင်ငံအတွင်း ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးပြီးသူ ၁၂၃၈၀ ရှိကြောင်း ဖော်ပြခဲ့သည်။ နိုင်ငံ လူဦးရေ၏ ၈၅ ဒသမ ၁ ရာခိုင်နှုန်း အနည်းဆုံး ကိုဗစ်-၁၉ ကာကွယ် ဆေးတစ်ကြိမ် ထိုးနှံပြီးပြီဖြစ် ပြီး ၈၁ ဒသမ ၉ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးအပြည့် ထိုးပြီးပြီ ဖြစ်သည်။ ထို့အပြင် ၄၉ ဒသမ ၁ ရာခိုင်နှုန်းမှာ အပိုဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမှု ခံယူပြီးပြီ ဖြစ်သည်။ ဆင်ဟွာ