မက်တာဗားစ်နှင့် ဉာဏ်ရည်တု (AI) နည်းပညာများကို တိုကျို၌ သုံးရက်ကြာပြသမည်

 

တိုကျို    ဇွန်   ၂၈ 


မက်တာဗားစ်နှင့် ဉာဏ်ရည်တု (AI) နည်း ပညာများကို    ဂျပန်နိုင်ငံ   တိုကျိုမြို့၌ သုံးရက်ကြာ ပြသသွားမည်ဖြစ်ပြီး အဆိုပါ ပြပွဲကို  ဇွန် ၂၇ ရက်က စတင်ခဲ့ကြောင်း သိရသည်။ 

 


အဆိုပါပြပွဲတွင် ဂျပန်၊ အစ္စရေးနှင့် တရုတ်ကုမ္ပဏီများက နည်းပညာများကို  ထည့်သွင်းပြသမည်ဖြစ်သည်။ နည်းပညာ ကုမ္ပဏီကြီး  တစ်ခုဖြစ်သည့်   NTT   ၏ လက်အောက်ခံကုမ္ပဏီ     တစ်ခုသည်  မက်တာဗားစ် ကဖေးလ်ကို   တင်ဆက် ပြသမည်ဖြစ်သည်။ လာရောက်ကြည့်ရှု သူများသည်    ဆိုင်ဝန်ထမ်းကိုယ်စားပြု အဗက်တာများနှင့်    ကွန်ပျူတာမျက်နှာ ပြင်တွင် စကားပြောဆိုနိုင်မည်ဖြစ်သည်။ 

 


ပြပွဲကျင်းပသူက AI သည် ဈေးဝယ် များ၏အသံနှင့်   အမူအရာတို့ကို   ခွဲခြမ်း စိတ်ဖြာပြီး     ၎င်း၏စိတ်ခံစားချက်ကို ဖတ်ရှုနိုင်မည်ဖြစ်ကြောင်း  ပြောသည်။  ထုတ်ကုန်လာရောက်ကြည့်ရှုသူများအား     အကြံပြုရောင်းချရန် ဒေတာကို အသုံးပြု နိုင်မည်ဖြစ်သည်။ 

 


အိုဆာကာအခြေပြု Utsubo နည်း ပညာကုမ္ပဏီသည် သုံးဖက်မြင် အဗက် တာများကို အသုံးပြု၍  လူအများအလုပ် လုပ်နိုင်သည့်      မက်တာဗားစ်ကုမ္ပဏီ ၏   ကျယ်ပြန့်သောရုံးခန်းကို   ပြသထား သည်။ 

 


၎င်း၏ အမှုဆောင်အရာရှိက အိမ်မှ အလုပ်လုပ်သော အလုပ်သမားများကြား ပုံမှန်ပြောဆို ဆက်သွယ်ခြင်းသည် အရေး ကြီးသောကိစ္စရပ်    တစ်ခုဖြစ်ကြောင်း ပြောသည်။ သုံးဖက်မြင် အဗက်တာများ သည် နေရာတစ်ခုတည်းတွင် အတူတူရှိ ပါက အသုံးပြုသူများ၏ စိတ်ခံစားချက် ကို ကူညီပေးနိုင်မည်ဖြစ်သည်။ 


အင်န်အိတ်ချ်ကေ