မက္ကဆီကိုတွင် ပါတီတစ်ခု၌ တိုက်ခိုက်ခံရမှုကြောင့် ခြောက်ဦးသေဆုံးကာ ၂၆ ဦးဒဏ်ရာရ

 

မက္ကဆီကိုစီးတီး   ဒီဇင်ဘာ   ၃၀

မက္ကဆီကို အနောက်မြောက်ပိုင်း ပြည်နယ်   ဆိုနိုရာ၌    ဒီဇင်ဘာ ၂၉ ရက် အစောပိုင်းက ပါတီတစ်ခု တွင် လက်နက်ကိုင်အုပ်စုတစ်စု ဝင်ရောက်   တိုက်ခိုက်ခဲ့မှုကြောင့် ခြောက်ဦး   သေဆုံးကာ    ၂၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု       ဒေသခံ အာဏာပိုင်များက ပြောသည်။ 


စီဂျီမီမြို့နယ် စီယူဒါ အိုဘရီ ဂွန်လမ်းတွင်  ပြုလုပ်သည့်  ဂီတ ပါတီပွဲတစ်ခု၌ ပစ်ခတ်မှုဖြစ်ပွား ခဲ့ခြင်းဖြစ်သည်ဟု ဆိုနိုရာရှေ့နေ ချုပ်ရုံးမှ အကြီးအကဲဖြစ်သူ ဂတ်စ် တာဗိုဆာလက်စ်က  ပြောသည်။ ယခုအချိန်အထိ  ဖမ်းဆီးမှုများ မရှိသေးသော်လည်း  တိုက်ခိုက်မှု ပြုလုပ်ခဲ့သည့်အုပ်စုကို ရဲများနှင့် ပြည်နယ်တပ်ဖွဲ့ဝင်များက သိရှိပြီး ဖြစ်သည်ဟု ၎င်းက ပြောသည်။ 


လူသတ်မှုအပါအဝင် စွဲချက် ငါးခုဖြင့် ဝရမ်းထုတ်ခံထားရသည့် ရာဇဝတ်မှုအဖွဲ့ ခေါင်းဆောင်နှင့် တိုက်ရိုက်သက်ဆိုင်ကြောင်း ကနဦး စုံစမ်းစစ်ဆေးမှုများကို ကိုးကား ကာ   ၎င်းက   ပြောကြားခဲ့သည်။ ယခုဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှု ကြောင့်   အမျိုးသမီး သုံးဦး  အပါ အဝင် ခြောက်ဦး သေဆုံးခဲ့ရသည်။ 


ပြစ်မှု     ကျူးလွန်သူများကို ရှာဖွေဖမ်းဆီးရန် လုံခြုံရေးတပ်ဖွဲ့ ဝင်များကို တပ်ဖြန့်ချထားကြောင်း သိရသည်။ ဒဏ်ရာရရှိသူ ၂၆ ဦးကို ကုသမှုပေးခဲ့ပြီး လေးဦးမှာ စိုးရိမ် ရသည့်အခြေအနေရှိကာ ၁၃ ဦးမှာ ဆေးရုံမှ ဆင်းသွားပြီဖြစ်သည်ဟု သိရသည်။                      

ဆင်ဟွာ