
မက္ကဆီကိုစီးတီး မတ် ၂၉
အမေရိကန်နိုင်ငံသို့ ဝင်ရောက်ရန် ကြိုးပမ်းသည့် ရွှေ့ပြောင်းနေထိုင်သူများကို မက္ကဆီကိုနယ်စပ်ရှိ ထိန်းသိမ်းရေးစင်တာ၌ ထားရှိရာ အဆိုပါ ထိန်းသိမ်းရေးစခန်း မီးလောင်မှုကြောင့် လူ ၃၈ ဦး ထက်မနည်းသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရသည်။ မက္ကဆီကိုနိုင်ငံမြောက်ပိုင်း အမေရိကန်နယ်စပ်အနီး ချီဟွာဟွာပြည်နယ်ရှိ စီယူဒက်ဝက်ရက်ဇ်တွင် မတ်လ ၂၈ ရက် မီးလောင် မှုဖြစ်ပွားခဲ့သည်။
မီးလောင်မှုကြောင့် သေဆုံးသူ ၄၀ အထိရှိသည် ဟု ကနဦးတွင် သတင်းများ ထွက်ပေါ်ခဲ့သော် လည်း အဆိုပါ အရေအတွက်မှာ မှန်ကန်မှုမရှိဟု မက္ကဆီကို အာဏာပိုင်များက ပြောသည်။
သေဆုံးသူ အများစုမှာ ဂွာတီမာလာ၊ ဟွန်ဒူး ရပ်စ်၊ အယ်လ်ဆာဗေဒို၊ ဗင်နီဇွဲလားနှင့် အခြားသော တောင်အမေရိကနိုင်ငံများမှ ရွှေ့ပြောင်းနေထိုင် သူများ ဖြစ်ကြသည်။ အဆိုပါထိန်းသိမ်းရေး စင်တာမီးလောင်မှုနှင့် ပတ်သတ်၍ မက္ကဆီကို သမ္မတ အန်ဒရက်စ် မန်နျူရယ် လိုပက်ဇ် အော်ပရာဒို က မတ် ၂၉ ရက်တွင် ထုတ်ဖော်ပြောကြား ခဲ့သည်။
နေရပ်ပြန်ပို့ခံရမည်ဟုသိသော ထိန်းသိမ်း ခံထားရသူများသည် မွေ့ရာကို မီးရှို့ဆန္ဒပြရာမှ မီးလောင်မှု ဖြစ်ပွားခဲ့သည်ဟု ၎င်းကပြောသည်။ အမေရိကန်သို့ ဝင်ရောက်ရန် စောင့်ဆိုင်းနေသည့် ရွှေ့ပြောင်းနေထိုင်သူပေါင်း ၁၀၀၀၀ ထက်မနည်း ရှိသည်ဟု အဆိုပါဒေသရှိ အင်န်ဂျီအိုတစ်ခုက ပြောသည်။ ၎င်းတို့ထဲမှ အချို့မှာ မက္ကဆီကို အာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံရပြီး ထိန်းသိမ်းရေး စင်တာများသို့ ပို့ဆောင်ခံရသည်။ တရားဝင် အထောက်အထားများမရှိဘဲ ယမန်နှစ်အတွင်း မက္ကဆီကို နယ်စပ်ကိုဖြတ်ကျော်ကာ အမေရိကန် သို့ ဝင်ရောက်ရန် ကြိုးပမ်းသူပေါင်း သန်းတစ်ဝက် နီးပါးရှိသည်ဟု သိရသည်။
အင်န်အိတ်ချ်ကေ