မက္ကဆီကိုနိုင်ငံ၌ မျောက်ကျောက်ရောဂါ အတည်ပြုကူးစက်ခံရသူ ၆၀ ရှိလာ

 

မက္ကဆီကိုစီးတီး     ဇူလိုင်    ၂၇


မက္ကဆီကိုနိုင်ငံတွင် မျောက်ကျောက်ရောဂါ အတည်ပြုကူးစက်ခံရသူ ၆၀ ရှိကြောင်း ကာကွယ်ရေးနှင့် ကျန်းမာရေးမြှင့်တင်ရေး လက်ထောက် အတွင်းရေးမှူး ဟူဂိုလိုပက်ဇ်ဂါတဲလ်က ဇူလိုင် ၂၆ ရက်တွင် ပြောသည်။ ထို့အပြင် လက်ရှိအချိန်အထိ မက္ကဆီကိုနိုင်ငံတွင် မျောက်ကျောက်ရောဂါ နှင့်ပတ်သက်ပြီး သေဆုံးသူမရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။ 

 


ငါးဦး၊ ခြောက်ဦးခန့်သာ ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိပြီး ယေဘုယျအားဖြင့်      ရောဂါကူးစက်ခံရသော    လူတိုင်းနီးပါးသည် ခန့်မှန်းခြေအားဖြင့်    ၂၁  ရက်အတွင်း    ပြန်ကောင်းလာကြကြောင်း၊ မျောက်ကျောက်ရောဂါသည်     ရေကျောက်ရောဂါဖြစ်စေနိုင်သော ဗိုင်းရပ်စ်နှင့်   ဆက်စပ်မှုရှိပြီး    ရောဂါပြင်းထန်မှုနည်းသည့်အတွက် အသက်သေဆုံးနိုင်ခြေနည်းကြောင်း သိရသည်။ 

 


ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်သော နောက်ဆုံးအချက်အလက် အရ နိုင်ငံနှင့် ဒေသ ၇၅ ခုတွင် မျောက်ကျောက်ရောဂါဖြစ်ပွားသူ အရေ အတွက် ၁၆၀၀၀ ကျော်ရှိပြီး သေဆုံးသူ ငါးဦးရှိကြောင်း သိရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် ဇူလိုင် ၂၃ ရက်က မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုကို နိုင်ငံတကာစိုးရိမ်ဖွယ်ရာ ပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေအဖြစ် ထုတ်ပြန်ကြေညာထားသည်။                

ဆင်ဟွာ