မချမ်းဘောမြို့၌ မြို့နယ်တရားရုံး အဆောက်အအုံသစ်ဖွင့်

 

ပူတာအို   မေ   ၄


ကချင်ပြည်နယ် မချမ်းဘောမြို့နယ်၌  ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ   ငွေလုံးငွေရင်းရန်ပုံငွေ   ကျပ်သန်း ပေါင်း ၄၁၅ သန်းဖြင့်   ဆောက်လုပ်ပြီးစီးခဲ့သည့်  RCတစ်ထပ် မြို့နယ်တရားရုံး အဆောက်အအုံသစ် ဖွင့်ပွဲကို မေ ၄ ရက်က မချမ်းဘောမြို့ မြို့နယ်တရားရုံး သစ်‌ရှေ့၌ ကျင်းပသည်။

 


ရှေးဦးစွာ မြို့နယ်တရားရုံးအဆောက်အအုံသစ် ကို တာဝန်ရှိသူများက  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး   မြို့နယ်တရားရုံး အဆောက်အအုံသစ်ဆိုင်းဘုတ်ကို    ပြည်နယ်တရားလွှတ်တော်    တရားသူကြီးချုပ်  ဦးတူးဂျာနှင့်  ပြည်နယ်သယံဇာတရေးရာဝန်ကြီး          ဦးတိန့်ဆောင်တို့က စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကြ သည်။    

 


ထို့နောက်    ပြည်နယ်တရားလွှတ်‌တော် တရား သူကြီးချုပ်နှင့်         ပြည်နယ်သယံဇာတရေးရာဝန်ကြီး တို့က   အမှာစကားပြောကြားကြသည်။

 


ယင်းနောက်     လေးမြို့နဒီ      ကုမ္ပဏီတာဝန်ရှိသူ တစ်ဦးက  မြို့နယ်တရားရုံး အဆောက်အအုံသစ်နှင့်   သက်ဆိုင်သော   စာရွက်စာတမ်းများကို ပြည်နယ် တရားရေးဦးစီးမှူး  ဒေါ်ခင်ဆွေဦးထံ   လွှဲပြောင်း ပေးအပ်သည်။          

                 

ခရိုင်(ပြန်/ဆက်)