မကွေးတိုင်းဒေသကြီး၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ထမနဲထိုးပြိုင်ပွဲနှင့် ဗလာမပါကံစမ်းမဲ ဆုပေးပွဲကျင်းပ

 

မကွေး  ဖေဖော်ဝါရီ    ၂

 


(၇၅)   နှစ်မြောက်    စိန်ရတု ပြည်ထောင်စုနေ့  အထိမ်းအမှတ် အကြို   မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က    ကြီးမှူးကျင်းပ သည့် တိုင်းဒေသကြီးအဆင့်   ဌာန ဆိုင်ရာ ထမနဲထိုးပြိုင်ပွဲနှင့်   ဗလာ မပါကံစမ်းမဲ ဆုပေးပွဲအခမ်းအနား ကို ဖေဖော်ဝါရီ ၁ ရက် ညနေ  ၃ နာရီက မကွေးမြို့   မြသလွန်ဘုရား ပွဲတော်ကွင်းပြင်၌    ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်း ဌာနချုပ်မှူး        ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးစိန်ထွန်းနှင့် တိုင်းဒေသကြီး    ဝန်ကြီးများ တက်ရောက်ကြသည်။ 

 


‌ရှေးဦးစွာ    တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်   အဖွဲ့သည် ဌာန အလိုက်     ထမနဲထိုးပြိုင်ပွဲဝင် ယှဉ်ပြိုင်နေမှုနှင့်  ပြိုင်ပွဲသို့ လာ ရောက်  ကြည့်ရှုသူများအား ဗလာ မပါကံစမ်းမဲ    ဖောက်ပေးနေမှုကို  လိုက်လံကြည့်ရှုအားပေးသည်။

 


ဆက်လက်၍ ဆုပေးပွဲကျင်းပ ရာ   တိုင်းဒေသကြီးအဆင့်  ဌာန ဆိုင်ရာ     ထမနဲထိုးပြိုင်ပွဲတွင် ပထမဆုရရှိသည့် တိုင်းဒေသကြီး သယံဇာတရေးရာ   ဝန်ကြီးဌာန အသင်းအား       တိုင်းဒေသကြီး ဝန်ကြီးချုပ်က  လည်းကောင်း၊ ဒုတိယဆု ရရှိသည့်   တိုင်းဒေသ ကြီး    လူမှုရေးရာဝန်ကြီးဌာန အသင်းအား    မကွေးလေတပ် စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ်က လည်းကောင်း၊   တတိယဆုရရှိ သည့် ဥပ‌ဒေ(တရားရေးရာဌာန၊ လယ်/ဆည်ဌာန)   အသင်းအား တိုင်းဒေသကြီး တရားသူကြီးချုပ် ကလည်းကောင်း    ဆုငွေများ ပေးအပ်ချီးမြှင့်ပြီး     နှစ်သိမ့်ဆု ရရှိသော  အသင်းများအား  တိုင်း ဒေသကြီး   ဝန်ကြီးများဖြစ်သည့် လုံခြုံရေးနှင့်     နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော် လင်း၊    စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ သယံဇာတရေးရာ ဝန်ကြီး    ဦးစိုင်းမြင့်အေးနှင့် လူမှုရေးရာဝန်ကြီး   ဦးစိုးပိုင်မြင့် တို့က  ဆုများချီးမြှင့်ပေးအပ်ကြ သည်။ 

 


ထို့နောက် ဗလာမပါကံစမ်းမဲ ဆုပေးပွဲ       အခမ်းအနားကို ဆက်လက်ကျင်းပရာ ဆိုင်ကယ် သုံးစီး မဲပေါက်သည့် ကံထူးရှင် သုံးဦးအား တိုင်းဒေသကြီး ဝန်ကြီး ချုပ်က   လည်းကောင်း၊   ရေခဲ သေတ္တာနှစ်လုံး     မဲပေါက်သည့် ကံထူးရှင်နှစ်ဦးအား    မကွေး လေတပ်စခန်း     ဌာနချုပ်မှူးက လည်းကောင်း၊ ရေခဲသေတ္တာနှင့် အဝတ်လျှော်စက်  မဲပေါက်သည့် ကံထူးရှင်နှစ်ဦးအား တိုင်းဒေသ ကြီး တရားသူကြီးချုပ် ဦးစိန်ထွန်း ကလည်းကောင်း  ဆုများပေးအပ် ချီးမြှင့်ကြပြီး        အခြားဆုမဲ များနှင့်      စက်ဘီးစီးပြိုင်ပွဲတွင်    ဆုရရှိသူများအား တိုင်းဒေသကြီး   ဝန်ကြီးများနှင့်   တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး    ဒေါ်ဝင်းဝင်း မြင့်နှင့်  တိုင်းဒေသကြီး    ဝန်ကြီး များ၏    ဇနီးတို့က     ဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း   သိရ သည်။                      

မောင်ညီညာ