
မကွေး ဇန်နဝါရီ ၂၃
မကွေးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၂၂) အစည်းအဝေးကို ဇန်နဝါရီ ၂၁ ရက်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်း ဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် က မကွေးမြို့အပါအဝင် တစ်တိုင်း လုံးတွင် သွားလာနေကြသည့် ပြည်တွင်း/ပြည်ပ ခရီးသွား ဧည့်သည်များ စိတ်ချမ်းမြေ့ ပျော်ရွှင်လုံခြုံစိတ်ချစွာ တည်းခို နေထိုင်နိုင်ရေးသည် အဓိကဖြစ် ကြောင်း၊ မကြာမီ ဖွင့်လှစ်မည့် ရွှေစက်တော်ဘုရားပွဲသို့ လာ ရောက်ကြမည့် ဧည့်သည်များ အဆင်ပြေချောမွေ့စွာ သွားလာ တည်းခိုနေထိုင်နိုင်ရေး စီစဉ် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မကွေးတိုင်းဒေသကြီးကို မြန်မာ နိုင်ငံ၏ ထင်ရှားသည့် ခရီးစဉ် ဒေသများထဲတွင် တစ်ခုအပါ အဝင်ဖြစ်ရေး ကြိုးပမ်းဆောင်ရွက် ကြစေလိုကြောင်း၊ တိုင်းဒေသ ကြီးအတွင်း၌ ခရီးသွားလုပ်ငန်း ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် (HR) သင်တန်းများ ဖွင့်လှစ် ပို့ချနိုင်ရေးနှင့် ရွှေစက်တော်ဒေသ အား Eco. Tourism Site တစ်ခု အဖြစ် အကောင်အထည်ဖော် နိုင်ရေးတို့အတွက် ကော်မတီ အဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန် ပြောကြား သည်။
ဆက်လက်၍ မကွေးတိုင်း ဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီး စီးပွားရေးရာ ဝန်ကြီး ဦးအောင်ချိန်က ဒေသ ဆိုင်ရာ ခရီးသွားလုပ်ငန်းများနှင့် စပ်လျဉ်း၍ အမှာစကားပြောကြား ပြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသ ကြီး တာဝန်ခံ ဦးမြင့်စိန်က ဝန်ကြီးဌာနက လုပ်ကိုင်ဆောင် ရွက်နေသည့် ခရီးသွားလုပ်ငန်း ဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း တင်ပြကာ ကော်မတီအဖွဲ့ဝင် များက မိမိတို့ဌာနအလိုက် အကြံ ပြုဆွေးနွေး တင်ပြသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဟိုတယ်/မိုတယ် ၁၁ လုံးကို သက်တမ်းတိုး ခွင့်ပြုပေးခြင်း၊ မကွေးတိုင်းဒေသကြီး အတွင်းရှိ အထင်ကရ ခရီးစဉ်ဒေသများအား ရိုက်ကူးထားသော ငါးမိနစ်စာ အပိုင်း (၁) Video Clip ကို ခရီးသွား လုပ်ငန်းဆိုင်ရာ သင့်တော်ရာ ရုပ်သံလိုင်းများ၊ မီဒီယာများမှတစ်ဆင့် ထုတ်လွှင့် ကြော်ငြာရန် ခွင့်ပြုခြင်းနှင့် ဟိုတယ်/မိုတယ်များအား ကိုဗစ်-၁၉ ဘေးကင်းလုံခြုံရေးဆိုင်ရာ ဆင့်ပွား သင်တန်းများပေးခြင်း၊ ဒေသအဆင့် ဘေးကင်းလုံခြုံရေး (Regional Plaque) အသိအမှတ် ပြု တံဆိပ်များ ထုတ်ပေးခြင်းတို့ကို တိုင်းဒေသကြီး ဝန်ကြီးချုပ်က ခွင့်ပြု ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်ညီညာ(မကွေး)