
မကွေး စက်တင်ဘာ ၂၂
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးသည် ယနေ့ နံနက်ပိုင်းတွင် ချောက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ချောက်ခရိုင်အတွင်းရှိ မှတ်ပုံတင် ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီများမှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီတို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံ၍ ပါတီဝင်အင်အားစိစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်သည်။
အစည်းအဝေးသို့ ချောက်ခရိုင်နှင့် မြို့နယ်အဆင့် ပါတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင် နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှ ရွေးကောက်ပွဲအရာရှိများ၊ ချောက်ခရိုင်နှင့် မြို့နယ် အဆင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ် ရေးမှူးများနှင့် ချောက်ခရိုင်နှင့် မြို့နယ်အဆင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်