
မကွေး ဇွန် ၂၃
မကွေးတိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ဇွန် ၂၂ ရက် မွန်းလွဲပိုင်းက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ရာ အစည်းအဝေးသို့ မကွေးတိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ကော်မတီအဖွဲ့ ဝင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် မကွေး တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးတိုင်းဒေသကြီး အတွင်းရှိ ရင်းနှီးမြှုပ်နှံရန် အလားအလာ ရှိသော လုပ်ငန်းများကို ရှာဖွေ ဖော်ထုတ်ပြီး ရင်းနှီးမြှုပ်နှံမှုအသစ် များ ဝင်ရောက်ရန်နှင့် ဒေသ၏ စီးပွားရေးတိုးတက်အောင် ဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ လူမှု ပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ ဒေသနှင့် ကိုက်ညီသည့် ရင်းနှီး မြှုပ်နှံမှုများ ဝင်ရောက်လာရန် Target ထားပြီး ဖိတ်ခေါ်ရမည် ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသ ကြီးအတွင်း ဆောင်ရွက်လိုသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် လေအားလျှပ်စစ် စီမံကိန်းများ လည်း အပါအဝင်ဖြစ်ကြောင်း၊ လေအားလျှပ်စစ် စီမံကိန်းသည် ပတ်ဝန်းကျင်ကို မထိခိုက်စေသည့် အပြင် နိုင်ငံ၏ လျှပ်စစ်လိုအပ် ချက်ကိုလည်း ဖြည့်ဆည်းပေးရာ ရောက်ပြီး နိုင်ငံ၏ အခြေခံ အဆောက်အဦကိုလည်း တိုးတက် မည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာ များအနေဖြင့် အဆိုပါ ကဏ္ဍတွင် လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်စေရေး အတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးရမည် ဖြစ် ကြောင်း၊ မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင် များအနေဖြင့် စီးပွားရေးလုပ်ငန်း များနှင့် ထိတွေ့ဆက်ဆံရာတွင် ကြုံတွေ့ရသော အတွေ့အကြုံများ ကို အခြေခံပြီး ပိုမိုကောင်းမွန်သည့် စီးပွားရေးဝန်းကျင်ကောင်းဖြစ်စေရေးကို ဝိုင်းဝန်းဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း ပြောကြား သည်။
ထို့နောက် အစည်းအဝေးတွင် ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တစ်ခု၏ တည်ဆောက်ရေးကာလ တိုးမြှင့် ခွင့်ပြုပါရန် တင်ပြလာခြင်းအပေါ် ဆွေးနွေးခြင်းနှင့် မကွေးတိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များ ကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်းဝန်ဆောင်မှုပေးခဲ့သည့် လုပ်ငန်းများအပေါ် ဆွေးနွေးခြင်း တို့ကို ဆောင်ရွက်ခဲ့ကြသည်။
မကွေးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များအနေဖြင့် မကွေး တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၊ မကွေးမြို့နယ် စုပေါင်းရုံး (ဒုတိယထပ်)၊ ပြည် တော်သာ (၁) လမ်း၊ ပြည်တော် သာရပ်ကွက် မကွေးမြို့ ဖုန်း ၀၆၃-၂၀၂၈၇၄၈ သို့ ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း သိရ သည်။
မောင်ညီညာ