
ပခုက္ကူ မတ် ၁၂
မကွေးတိုင်းဒေသကြီးအတွင်း နိုင်ငံတော်ကာကွယ် ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များ အား ဂုဏ်ပြုစားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ပွဲနှင့် ပခုက္ကူခရိုင်အတွင်း လုံခြုံရေးတာဝန် ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရ/ကျဆုံးရဲတပ်ဖွဲ့ဝင် များအား ထောက်ပံ့ငွေများပေးအပ်ပွဲ အခမ်းအနား ကို ပခုက္ကူမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြဧရာ (၁)ခန်းမ၌ မတ် ၁၁ ရက် မွန်းလွဲပိုင်းက ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အကြမ်းဖက်လုပ်ရပ်များအား ထိထိ ရောက်ရောက် တားဆီးကာကွယ် ဆောင်ရွက်နိုင် ရေးအတွက် ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင် ခဲ့ကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုင်းဒေသ ကြီး အစိုးရအဖွဲ့အနေဖြင့် အသိအမှတ်ပြုချီးကျူးဂုဏ်ပြုပါကြောင်း ပြောကြားသည်။ ထို့နောက် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သည့် ၂၄ ပြည်ပါ ဆန်အိတ် ၁၆၀၊ စားသုံး ဆီ ပိဿာ ၁၅၀ ၊ ခေါက်ဆွဲခြောက်ထုပ် ၃၇၅၀၊ Royal-D အားဖြည့်အချိုရည်ဘူး ၁၄၄၀၊ အာလူး ပိဿာ ၁၅၀ စသည့် ဂုဏ်ပြုစားသောက်ဖွယ်ရာများ ကို အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူး ဗိုလ်မှူးကြီး မြင့်ရွှေထံ လည်းကောင်း၊ ပခုက္ကူခရိုင် အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်စဉ် ထိခိုက် ဒဏ်ရာရ/ကျဆုံးရဲတပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ ငွေကျပ် ၈၅ သိန်းကို ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကြီး ဇေယျာလင်းအောင်ထံ လည်းကောင်း ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပခုက္ကူခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံကာ ဌာနဆိုင်ရာများအနေဖြင့် မိမိလုပ်ငန်း တာဝန်များ ပုံမှန်အတိုင်း အောင်မြင်အောင် အကောင် အထည်ဖော်ဆောင်ရွက်ရေး၊ ဒေသတည်ငြိမ်အေးချမ်း ရေးအတွက် ဌာနဆိုင်ရာများအားလုံး လက်တွဲ ပူးပေါင်းဆောင်ရွက်ရေးတို့ကို မှာကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးများက အမှာစကားပြောကြားကြပြီး ပခုက္ကူခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဌာန အလိုက် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် က နိဂုံးချုပ်အမှာစကားပြောကြားသည်။
ဘာမီသာ(ပခုက္ကူ)