မကွေးတိုင်းဒေသကြီးအတွင်း လုံခြုံရေးတာဝန် ထမ်းဆောင်နေကြသည့် တပ်မတော်သားများအတွက် အင်အားဖြည့်ရိက္ခာထောက်ပံ့

 

မကွေး    မတ်    ၆


မကွေးတိုင်းဒေသကြီးအတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်သားများအတွက် အင်အားဖြည့်ရိက္ခာ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို မတ် ၆ ရက် နံနက်ပိုင်းက မကွေးမြို့ မြို့တော် ခန်းမ၌ ကျင်းပသည်။


ဦးစွာ  တိုင်းဒေသကြီးဝန်ကြီးချုပ်  ဦးတင့်လွင် က   မကွေးတိုင်းဒေသကြီးအတွင်းရှိ တပ်မတော် သားများအနေဖြင့် တိုင်းဒေသကြီးအတွင်း သဘာဝ ဘေးအန္တရာယ်ဖြစ်ပွားမှုများတွင်   နေ့/ညမပြတ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် ရှေ့ဆုံးက        ပါဝင်ကူညီဆောင်ရွက်ပေးခဲ့သလို       ပြန်လည် ထူထောင်ရေး   လုပ်ငန်းများတွင်လည်း  အင်ပြည့် အားပြည့်          ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊    အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုသည့် အမျိုးသားရေးတာဝန်ကို ဦးထိပ်ပန်ဆင်ပြီး    မိမိတို့ရဲ့အသက်ကို    ပဓာန မထားဘဲ တာဝန်ထမ်းဆောင်နေကြသူများလည်း ဖြစ်ကြောင်း၊    ယနေ့ခေတ်သည်   နည်းပညာ ခေတ်ဖြစ်သည်နှင့်အညီ   သတင်းမျိုးစုံ   အကန့် အသတ်မရှိ ထွက်ပေါ်နေပြီး အချို့သတင်းမီဒီယာ များအနေဖြင့် မိမိတို့နိုင်ငံကို အမှောင်ထဲသို့ကျအောင် ချောက်ချလျက်ရှိသည်ကို    တွေ့မြင်ရကြောင်း၊ တက်ရောက်လာကြသူများအနေဖြင့် သတင်းတု၊ သတင်းမှားများကို       ခွဲခြားသိရှိရှောင်ရှားပြီး သတင်းမှန်များကို ကောင်းမွန်စွာ အသုံးချတတ် စေလိုကြောင်းနှင့်      ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍လည်း မိမိကိုယ်တိုင် သိရှိနားလည်ပြီး အခြားသူများကိုလည်း  ထပ်ဆင့်မျှဝေ ရှင်းလင်း အသိပေးစေလိုကြောင်း ပြောကြားသည်။


ထို့နောက်   တိုင်းဒေသကြီး   ဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း     လုံခြုံရေးတာဝန်များကို ထမ်းဆောင်လျက်ရှိသော     မကွေးတပ်နယ်၊ တောင်တွင်းကြီးတပ်နယ်၊ စလင်းတပ်နယ်၊ ပဒါန်း တပ်နယ်၊   မလွန်တပ်နယ်၊   သရက်တပ်နယ်တို့ အတွက် ဆန်(၁၂)ပြည် အိတ် ၄၈၀ ၊ ဆီပိဿာ ၁၈၀၊ ဆီချက်ခေါက်ဆွဲထုပ် ၄၅၀၀၊ Royal-D ဘူး ၁၄၄၀၊ အာလူးပိဿာ   ၁၈၀  တို့ကို တပ်မတော်သားများ အတွက်    ထောက်ပံ့ပေးအပ်ခဲ့ရာ   သက်ဆိုင်ရာ တပ်နယ်မှူးများနှင့်   တာဝန်ရှိသူများက  လက်ခံ ယူခဲ့ကြောင်း သိရသည်။                

မောင်ညီညာ