မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး လာရောက်ထိုးနှံသောပြည်သူများ အခက်အခဲမရှိထိုးနှံရေး ဆောင်ရွက်

 

ပွင့်ဖြူ       ဩဂုတ်        ၈


မကွေးတိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ ယနေ့ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး      ဗိုလ်ဥတ္တမ ခန်းမ၌      မြို့နယ်အတွင်း    အကောင်အထည်ဖော် ဆောင်ရွက်နေသည့်  ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်း  ဆောင်ရွက် ထားရှိမှုနှင့် ပတ်သက်ပြီး မြို့နယ်ကော်မတီအဖွဲ့ဝင် များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး သည်။

 


ရှေးဦးစွာ   တိုင်းဒေသကြီး    ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြို့နယ်အတွင်း ပြည်သူများ ကိုဗစ် - ၁၉    ရောဂါ     ကင်းဝေးစေရေးအတွက် ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးထိုးနှံပေးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ   မြို့နယ် ကိုဗစ် - ၁၉   ရောဂါ    ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ် ခိုင်က   ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းနှင့် ပတ်သက်ပြီး  ရှင်းလင်းတင်ပြရာ  ဝန်ကြီးချုပ်က ကာကွယ်ဆေး လာရောက်ထိုးနှံသော ပြည်သူများ အခက်အခဲမရှိ အဆင်ပြေစွာ ထိုးနှံနိုင်ရေးအတွက် ဆောင်ရွက်သွားရန်    ကိစ္စရပ်များကိုမှာကြားပြီး ကာကွယ်ဆေးလာရောက်ထိုးနှံကြသည့် သက်ကြီး ဘိုးဘွားများနှင့်  ပြည်သူများကို  ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်စကား ပြောကြားသည်။ 

 


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်   တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ မြို့နယ်ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ဆောင်ရွက်နေသည့် လုပ်ငန်း များနှင့် ပတ်သက်ပြီး ဌာနဆိုင်ရာများ၊ ကော်မတီ အဖွဲ့ဝင်များ၊   မြို့မိမြိုဖများ၊   လူမှုရေးအသင်း အဖွဲ့များနှင့်  တွေ့ဆုံ၍   တိုင်းဒေသကြီးအတွင်း ပြည်သူများ ကိုဗစ် -၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းပပျောက်စေရေးအတွက် ဆောင်ရွက်ရန် လုပ်ငန်းများနှင့် စပ်လျဉ်းပြီး  ရှင်းလင်းဆွေးနွေး  ပြောကြားသည်။ ထို့နောက် မြို့နယ်ကိုဗစ် - ၁၉ ရောဂါ  ကာကွယ်၊  ထိန်းချုပ်ရေးနှင့်   အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌက         ကိုဗစ်-၁၉ အတည်ပြုလူနာများ၏ ကျန်းမာရေးဆေးကုသပေးမှု  အခြေအနေများကို Power Point ဖြင့် ရှင်းလင်း တင်ပြသည်။ 

 


ထို့နောက် တိုင်းဒေသကြီး   ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပွင့်ဖြူမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်း များ   အဆင်ပြေစွာ   ဆောင်ရွက်နိုင်ရေးအတွက် ထောက်ပံ့ငွေကျပ် ၇၅ သိန်းနှင့် ကာကွယ်ရေးသုံး အထောက်အကူပြုပစ္စည်းများ ၊ အာဟာရဖြည့်စွက်စာ  ပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့် လူမှုရေးအသင်းအဖွဲ့ များမှ တာဝန်ရှိသူများက လက်ခံယူကြသည်။ 

 


ဆက်လက်၍ တိုင်းဒေသကြီး  ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည် ပွင့်ဖြူမြို့ အ.ထ.က ကျောင်း၌ ဖွင့်လှစ်ထားရှိသော ကွာရတင်းစင်တာသို့ ရောက်ရှိ ပြီး ပိုးတွေ့အတည်ပြုလူနာများအတွက် ကိုဗစ် - ၁၉ ကာကွယ်ရေးသုံးပစ္စည်းနှင့် ကြက်ဥ၊ ခေါက်ဆွဲခြောက် ထုပ်များ    ထောက်ပံ့ပေးအပ်သည်။      ထို့နောက်   တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်   အဖွဲ့သည်   မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မျိုးသန့်ခြံသို့ သွားရောက်ပြီး Pilot Project အစီအစဉ်ဖြင့် ဆိုလာစနစ်အသုံးပြု၍ စိုက်ပျိုးရေရရှိရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး  ဝန်ထမ်းများနှင့် တွေ့ဆုံကာ မြို့နယ်အတွင်း ဒေသခံတောင်သူများ သီးနှံဝင်ငွေ တိုးပွားရေးနှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေမှု များကို   ကြည့်ရှုစစ်ဆေးပြီး  လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။   


ရဲဝင်းနိုင် (ညောင်ဦး)