မကွေးတိုင်းဒေသကြီးအတွင်း ကျေးရွာပေါင်း ၃၅၁ ရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး

 

မကွေး   စက်တင်ဘာ   ၁၉


မကွေးတိုင်းဒေသကြီး  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာနှစ်တွင်  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့်  တိုင်းဒေသကြီးအတွင်း ကျေးရွာပေါင်း ၃၅၁ ရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ၄၁၉ ခုကို ငွေကျပ် ၄၅၉၂ ဒသမ ၉၂၇၅ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက် ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။ 


မကွေးတိုင်းဒေသကြီးအတွင်း    ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင်   မကွေး၊  မင်းဘူး၊ သရက်၊ ပခုက္ကူ၊ ဂန့်ဂေါ ခရိုင်ငါးခုအတွင်းရှိ ကျေးရွာပေါင်း ၄၁၉ ရွာ ၌     ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သန်း ၃၅၁၀၊ ပြည်သူထည့်ဝင် ငွေကျပ် ၁၀၈၂ ဒသမ ၉၂၇၅  သန်းဖြင့် ကျေးရွာအဝင် နှင့် ကျေးရွာတွင်းလမ်းများ   အဆင့်မြှင့်တင်ခြင်း လုပ်ငန်း ၁၉၉ ခု၊ တံတားပြုပြင်တည်ဆောက်ခြင်းလုပ်ငန်း    ရှစ်ခု၊ ကျေးလက်ရေပေးရေးလုပ်ငန်း ၉၈ ခု၊ ကျေးလက် မီးလင်းရေးလုပ်ငန်း ၇၂ ခု၊ စာသင် ကျောင်းဆောင် ဆောက်လုပ်ခြင်းလုပ်ငန်း   ခြောက်ခု၊  ဘက်စုံသုံး ခန်းမတည်ဆောက်ခြင်းလုပ်ငန်း ၁၈ ခု၊ အခြားဖွံ့ဖြိုး ရေးလုပ်ငန်း ၁၈ ခု  အကောင်အထည်ဖော် ဆောင်ရွက်ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးနေပြီဖြစ်ကြောင်း၊   အဆိုပါလုပ်ငန်းများကို ကျေးလက်ဒေသ   ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ   နည်းပညာပံ့ပိုးမှုတို့ဖြင့် ကျေးရွာသူကျေးရွာသား များကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်း  တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန   ဦးစီးမှူး ဦးမျိုးအောင် ထံမှ သိရသည်။


သန်းလွင်(မကွေး)