မကွေးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေး

 

မကွေး  ဇန်နဝါရီ  ၁၂

 


မကွေးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များ ပေါင်းစပ်ညှိနှိုင်း ရေးအဖွဲ့တို့၏  တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့က မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး     ဝန်ကြီးချုပ်    ဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး၊ တိုင်းဒေသကြီး ဝန်ကြီးများ၊  တိုင်းဒေသကြီး    တရားသူကြီးချုပ်   ဦးစိန်ထွန်းနှင့် တာဝန်ရှိသူများ တက်‌ရောက်ကြသည်။ 

 


ရှေးဦးစွာ  တိုင်းဒေသကြီးဝန်ကြီးချုပ်က မိမိတို့ တိုင်းဒေသကြီးအတွင်း အမှုများအား  စစ်ဆေးစီရင် ဆောင်ရွက်ရာ၌ နှောင့်နှေးကြန့်ကြာမှုများ မရှိစေ ရေးအတွက်   ညှိနှိုင်းဆောင်ရွက်ကြရမည်ဖြစ်ပြီး အမှုများအား   ဥပဒေနည်းလမ်းများနှင့်အညီ မှန်မှန် နှင့်မြန်မြန် တရားစီရင်နိုင်ရေးအတွက် နည်းလမ်းများ ရှာဖွေကာ    တက်ညီလက်ညီ    ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် အကြံပြုလိုကြောင်း၊ တိုင်းဒေသ ကြီး    တရားလွှတ်တော်အနေဖြင့်လည်း   မိမိတို့ တိုင်းဒေသကြီးအတွင်းရှိ    တရားရုံးများ၏   အမှု ပြီးပြတ်မှုအခြေအနေကို မျက်ခြည်မပြတ် ကြည့်ရှု ကာ   သတိပေးလမ်းညွှန်ခြင်းများ  ပြုလုပ်ပေးရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်က ချမှတ်ထား သော မူဝါဒများနှင့်အညီ အမှုများ မှန်မှန်နှင့်မြန်မြန် တရားစီရင်ဆုံးဖြတ်နိုင်ရေးအတွက်     သမားရိုးကျ နည်းလမ်းဟောင်းများဖြင့် ဆောင်ရွက်နေမည့်အစား တည်ဆဲဥပဒေ ညွှန်ကြားချက်များနှင့်အညီ တာဝန်ရှိ သူများအားလုံး   တက်ညီလက်ညီ   ပူးပေါင်းပါဝင် ‌ဆောင်ရွက်ကြစေလိုကြောင်းစသည်ဖြင့် ပြောကြား သည်။ 

 


ဆက်လက်၍   မကွေးတိုင်းဒေသကြီး   အစိုးရ အဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီး   ကျော်ကျော်လင်း၊  တိုင်းဒေသကြီး   တရား လွှတ်တော် တရားသူကြီးချုပ် ဦးစိန်ထွန်း၊ တိုင်းဒေသ ကြီး ဥပဒေချုပ် ဦးဝင်းမြင့်၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးသူရသွင်ကိုကိုတို့က  တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီး   တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် တိုင်းဒေသ ကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  အုပ်ချုပ်ရေး မှူး ဦးဝင်းရှိန်က  တိုင်းဒေသကြီး  တရားစီရင်ရေး ဆိုင်ရာများအား    ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏   လုပ်ငန်းဆောင်ရွက်မှု  အခြေအနေများကို ရှင်းလင်း တင်ပြသည်။ 

 


ထို့နောက်     တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးများဖြစ်ကြသည့် ဦးမြင့်သိန်း၊ ဒေါ်မိမိ မော်၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးသောင်း ထွေး၊ တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးဝင်းနိုင်တို့က တရားစီးရင်ရေးဆိုင်ရာကိစ္စရပ်များအား   ဆွေးနွေး တင်ပြခဲ့ပြီး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူး ကြီး အောင်စိုး၊  ခရိုင်တရားသူကြီးများနှင့်  ခရိုင်ဥပ‌ဒေ အရာရှိများက တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များ ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


ကိုစည်သူ(မကွေး)