
မကွေး မေ ၁၁
မကွေးတိုင်းဒေသကြီး ဝန်ကြီး ချုပ်ဖလား ငါးခရိုင် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲကို မေ ၁၀ ရက်က တိုင်းဒေသ ကြီး မိုးလုံလေလုံအားကစား ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့် အားကစားဝါသနာရှင် များ တက်ရောက်သည်။
ဖွင့်ပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အားကစားပြိုင်ပွဲ များ ကျင်းပသည့် ရည်ရွယ်ချက် နှင့် ပြိုင်ပွဲဝင်အားကစားသမား များအနေဖြင့်လည်း မိမိတို့၏ ကစားနည်းစွမ်းရည်များ တိုးတက် မြင့်မားလာစေရန် ခေတ်စနစ်နှင့် လျော်ညီသည့် အားကစားနည်း စနစ်များဖြင့် စဉ်ဆက်မပြတ် လေ့ကျင့်ကာ ပြိုင်ပွဲတွင် အားကြိုး မာန်တက် ပါဝင်ယှဉ်ပြိုင်လာကြ သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူ ပါကြောင်း အမှာစကားပြောကြား သည်။
ထို့နောက် အမျိုးသားဘော်လီ ဘောပြိုင်ပွဲ ပထမပွဲစဉ်အနေဖြင့် မကွေးခရိုင် အမျိုးသားဘော်လီ ဘောအသင်းနှင့် ပခုက္ကူခရိုင် အမျိုးသား ဘော်လီဘောအသင်း တို့ ယှဉ်ပြိုင်ခဲ့ကြရာ မကွေးခရိုင်အမျိုးသားဘော်လီဘောအသင်း က အနိုင်ရရှိခဲ့သည်။ အဆိုပါ ဘော်လီဘောပြိုင်ပွဲကို တိုင်း ဒေသကြီးမိုးလုံလေလုံအားကစား ခန်းမတွင် မေ ၁၃ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရ သည်။
ကိုစည်သူ(မကွေး)