မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဆေးတက္ကသိုလ်(မကွေး)နှင့် သင်ကြားရေးဆေးရုံ(မကွေး)သို့ ကွင်းဆင်းကြည့်ရှု

 

မကွေး   ဇန်နဝါရီ   ၁၅


မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်     ဦးတင့်လွင်သည်    တိုင်းဒေသ ကြီး  ဝန်ကြီးများဖြစ်သည့်  လူမှု  ရေးရာဝန်ကြီး       ဦးစိုးပိုင်မြင့်၊ တိုင်းရင်းသားရေးရာ      ဝန်ကြီး ဦးထွန်းခင်၊ တိုင်းဒေသကြီး ဥပဒေ ချုပ် ဦးဝင်းမြင့်၊ အတွင်းရေးမှူး ဦးဝင်းရှိန်နှင့်      ခရိုင်မြို့နယ်စီမံ   အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ  ဇန်နဝါရီ  ၁၄ ရက် နံနက်  ၉  နာရီ က     မကွေးဆေးတက္ကသိုလ်သို့      ရောက်ရှိပြီး  တည်ဆောက်လျက်ရှိ သည့်   လေးထပ်စာသင်ဆောင် ဆောက်လုပ်နေမှုကို     ကြည့်ရှု စစ်ဆေးရာ   တင်ဒါအောင်သည့် ကုမ္ပဏီမှ တာဝန်ရှိသူ၏ ရှင်းလင်း တင်ပြမှုအပေါ်  လိုအပ်သည်များ  မှာကြားဆောင်ရွက်ခဲ့သည်။

 


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆေးတက္ကသိုလ်   ဘွဲ့နှင်းသဘင် ခန်းမ၌ ဆေးတက္ကသိုလ် (မကွေး) ရှိ     ဆရာ  ဆရာမ ဝန်ထမ်းများနှင့် တွေ့ဆုံရာ           ဆေးတက္ကသိုလ် ပါမောက္ခချုပ်မှ     ကျောင်းမြေ အကျယ်အဝန်း၊      ကျောင်းမြေ အတွင်း     အဆောက်အအုံများ တည်ဆောက်မှု     အခြေအနေ၊ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည့်    လုပ်ငန်းအစီအမံ များကို ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များအား ညွှန်ကြား ဆောင်ရွက်ခဲ့ပြီး  ဝန်ထမ်းများ၏  အငှားအိမ်ရာ ငှားရမ်းနေထိုင်ခွင့် ရရှိရေး ကူညီဆောင်ရွက်ပေးပါရန် တင်ပြမှုများအပေါ်  ညှိနှိုင်းဆောင် ရွက်ပေးခဲ့သည်။

 


ထိုမှတစ်ဆင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်   သင်ကြားရေးဆေးရုံ  (မကွေး)   အစည်းအဝေးခန်းမသို့ ရောက်ရှိ ရာ   ဆေးရုံအုပ်ကြီးမှ     လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ ကို ရှင်းလင်းတင်ပြခဲ့ပြီး      ဆေးရုံ အုပ်ကြီးနှင့်     ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် တိုင်းဒေသ ကြီး ဝန်ကြီးချုပ်က လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

 


မွန်းလွဲပိုင်းတွင်     တိုင်းဒေသ ကြီး    ဝန်ကြီးချုပ်သည်   မကွေး လေတပ်စခန်း        ဌာနချုပ်တွင် လေတပ်စခန်း    ဌာနချုပ်မှူးမှ စိုက်ပျိုး  လုပ်ကိုင်နေမှုများအား လိုက်လံရှင်းလင်းပြသခဲ့ပြီးဆိုလာ စနစ်ဖြင့်    ရေတွင်း     တူးဖော် ကာ စိုက်ပျိုးလုပ်ကိုင်မည့်အပေါ် ကူညီ ဆောင်ရွက်ပေးပါရန်နှင့် တစ်မြို့တွင်  ထုတ်ကုန်တစ်မျိုး ထုတ်လုပ်ဆောင်ရွက်ရန်   နိုင်ငံ တော်အကြီးအကဲမှ   လမ်းညွှန် ထားရှိခဲ့သဖြင့် မိမိတို့လေတပ် စခန်း ဌာနချုပ်အတွင်းမှ ထွက်ရှိ သည့်    ထန်းရည်များဖြင့်   ချင်း ထန်းလျက်များ  ထုတ်လုပ်လျက်ရှိ ပါကြောင်း    ရှင်းလင်းတင်ပြမှု အပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ် က လိုအပ်သည်များအားပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မောင်ညီညာ