
တောင်တွင်းကြီး ဇွန် ၂၀
ဗုဒ္ဓဘာသာသာသနာတော်ကြီး သန့်ရှင်း တည်တံ့ပြန့်ပွားစေရန်၊ ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော အမှုအခင်း၊ အဓိကရုဏ်း များ လျော့နည်း ပပျောက်စေရန်၊ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းများ၊ ဥပဒေများ ပိုမိုနားလည်တတ်ကျွမ်းစေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့က ကြီးမှူးကျင်းပ သော နဝမအကြိမ် သံဃနာယက နှင့် ဝိနည်းဓိုရ်သင်တန်းဖွင့်ပွဲကို တောင်တွင်းကြီးမြို့ မောင်းတိုင် (၂)ရပ်ကွက် ငှက်ပစ်တောင်ကျောင်းတိုက် ကြီး၌ ယနေ့နံနက် ၉ နာရီက ကျင်းပသည်။
ရှေးဦးစွာ တောင်တွင်းကြီးမြို့ သဲကောကျောင်းတိုက် ပဓာနနာယက၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာ တော် ဘဒ္ဒန္တရာဇိန္ဒထံမှ ငါးပါးသီလ ခံယူဆောက်တည်ပြီး တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် အောင်မြေရတနာစာသင်တိုက်ကြီး၏ ပဓာနနာယက၊ မဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တသုမန ဆရာတော် အရှင်သူမြတ် က ဩဝါဒကထာ ချီးမြှင့်သည်။
ဆက်လက်၍ ဆရာတော်အရှင် သူမြတ်များအား တောင်တွင်းကြီး တပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနိုင်နှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများနှင့် သံဃနာယက လုပ်ထုံးလုပ်နည်းစာအုပ်များ ဆက်ကပ် လှူဒါန်းပြီး တိုင်းဒေသကြီး သံဃ နာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် တောင်တွင်းကြီးမြို့ ငှက်ပစ် တောင်ကျောင်းတိုက်ကြီး၏ ပဓာန နာယက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တမာနိတ ထံမှ အနုမောဒနာတရား နာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချအမျှပေးဝေသည်။
သင်တန်းတွင် သံဃနာယက လက်စွဲ သံ/စည်း လုပ်ထုံးလုပ်နည်း၊ ဝိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်းများ ဆိုင်ရာ၊ နိုင်ငံတော်သံဃမဟာနာယက ညွှန်ကြားလွှာနှင့် ကြားကာလ အမိန့် များ၊ ဥပဒေနှင့် ဆိုင်ရာ၊ ဝိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်းနှင့် ဝိနိစ္ဆယလက်စွဲ စသည့် ဘာသာရပ်များကို သက်ဆိုင်ရာ ဘာသာရပ်အလိုက် နည်းပြဆရာများ က သင်ကြား ပို့ချပေးမည်ဖြစ်ကာ ဇွန် ၂၀ ရက်မှ ၂၂ ရက်အထိ ဖွင့်လှစ် ပို့ချပေးမည်ဖြစ်ပြီး မကွေးတိုင်းဒေသ ကြီးအတွင်း မြို့နယ် ၂၅ မြို့နယ်မှ သံဃာတော် အပါး ၅၀ အား ပင့်ဖိတ် ၍ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ် ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)