
နေပြည်တော် ဧပြီ ၅
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့၌ မြို့နယ်ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူး ဒေါ်တင်တင်ရီအား PDF အမည်ခံအကြမ်းဖက်သမားများက သေနတ်ဖြင့် ရက်စက်စွာပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့နံနက် ၇ နာရီခွဲခန့်တွင် ပခုက္ကူ မြို့ (၁၂)ရပ်ကွက်နေ မြို့နယ်ပညာရေးမှူး ဒေါ်တင် တင်ရီ (၅၈)နှစ် (ဘ)ဦးလှရွှေသည် မြို့နယ်ပညာရေး မှူးရုံးသို့ တစ်ဦးတည်း ဆိုင်ကယ်ဖြင့် သွားရောက်စဉ် (၁၂)ရပ်ကွက် ဧရာဝဏ်လမ်းပေါ်ရှိ “မေမြန်မာ” စတိုး ဆိုင်ရှေ့အရောက်၌ ၎င်း၏အနောက်မှ ဆိုင်ကယ် တစ်စီးဖြင့် လိုက်ပါလာသည့် အကြမ်းဖက်သမား အမျိုးသား နှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့ကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဒေါ်တင် တင်ရီကို အခင်းဖြစ်နေရာလမ်းပေါ်၌ ၎င်းစီးနင်းလာ သည့် Super Cub အစိမ်းရောင်ဆိုင်ကယ်ဘေး၌ ဝဲလက်မောင်းကျည်ဖောက်ဝင် ဒဏ်ရာတစ်ချက်၊ ဝဲရင်ဘတ် ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်တို့ဖြင့် သေဆုံးနေသည်ကို တွေ့ရှိရပြီး ၎င်း၏အနီးမှ A USA Auto 380 စာတန်းပါ ကျည်ခွံ သုံးခုတို့ကို တွေ့ရှိ သိမ်းဆည်းရရှိခဲ့သည်။
ဖြစ်စဉ်တွင် သေဆုံးခဲ့သည့် မြို့နယ်ပညာရေးမှူး ဒေါ်တင်တင်ရီ၏ အလောင်းအား ပခုက္ကူ ခရိုင်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ထိုကဲ့သို့ အနာဂတ် မျိုးဆက်သစ်လူငယ်များနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်ကြားနိုင်ရန် နိုင်ငံ့ဝန်ထမ်းပီသစွာ ဆောင်ရွက်ပေးလျက်ရှိသည့် မြို့နယ်ပညာရေးမှူးအား လုပ်ကြံသတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင် ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော ပိတ်ဆို့ ရှာဖွေစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သတင်းထုတ်ပြန်အပ်သည်။ သတင်းစဉ်