
မကွေး ဇူလိုင် ၁၆
မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ ရေပြင်မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြသမှု အစီအစဉ်ကို ဇူလိုင် ၁၄ ရက်က ဧရာဝတီမြစ်ကမ်း We Love Magway ညဈေးတန်းအနီး၌ ဆောင်ရွက်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ တက်ရောက်ကြည့်ရှုအားပေးသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်က ကမ္ဘာတွင် သဘာဝဘေးအန္တရာယ် များ နှစ်စဉ်ပိုမိုဖြစ်ပွား ကြုံတွေ့ရ လျက်ရှိပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှု ပမာဏလည်း ပိုမိုများပြားလာ သည်ကို တွေ့ရကြောင်း၊ မြန်မာ နိုင်ငံသည်လည်း ရာသီဥတုနှင့် ပထဝီအနေအထားအရ ဒေသ အလိုက် မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ ဆူနာ မီဘေး၊ မြေပြိုခြင်းနှင့် မိုးခေါင် ရေရှားခြင်း စသည့် ဘေးအန္တရာယ် များကို ရင်ဆိုင်ကြုံတွေ့လျက် ရှိကြောင်း၊ မကွေးတိုင်းဒေသကြီး အတွင်း၌လည်း အထက်ရခိုင်ရိုးမ နှင့် ချင်းပြည်နယ်တွင် မိုးဆက် တိုက်ရွာသွန်းပြီး ကြီးအုံကြီးဝ ရေလှောင်တမံ ရေပြည့်အမှတ် ထက် ၂၇ ပေ ကျော်သည့်အချိန် ဧရာဝတီမြစ်ရေ ထောက်နေပါက ဂရုစိုက်စောင့်ကြည့်ရမည့် အနေ အထားဖြစ်ကြောင်း၊ ဆည် တာတမံများ၏ ရေဝင်ရောက်မှု အခြေအနေများ၊ မြစ်ရေချိန်များကို နေစဉ်မှတ်တမ်းပြုစု သုံးသပ်ရန် လိုကြောင်း၊ ရေကြီးရေလျှံမှုများ ဖြစ်ပွားလာပါက ကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် အမြဲအသင့် အနေအထားရှိရန် မှာကြားလိုကြောင်း ပြောကြား သည်။
ထို့နောက် ရေပြင်မီးငြှိမ်းသတ် ရေးနှင့် ရှာဖွေကယ်ဆယ်ရေး စွမ်းရည် သရုပ်ပြသမှု အစီအစဉ် ကို ပြုလုပ်ရာ ဧရာဝတီမြစ်အတွင်း မြေနုကျွန်းပေါ်ရှိ ရေဘေးသင့် ပြည်သူများကို Assault Boat များအသုံးပြု၍ ဘေးလွတ်ရာသို့ ကယ်ဆယ်ရွှေ့ပြောင်းမှု သရုပ် ပြသခြင်း၊ စက်လှေ မီးလောင်မှု ဖြစ်စဉ်ကို မီးငြိမ်းသတ်ရေး ဆောင်ရွက်ခြင်းနှင့် Intellienge Lifebuoy များ အသုံးပြု၍ ရှာဖွေ ကယ်ဆယ်ရေး ဆောင်ရွက်မှုများ ကို သရုပ်ပြခဲ့ပြီးနောက် စွမ်းရည် သရုပ်ပြသည့် တပ်ဖွဲ့ဝင်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေကျပ် သုံးသိန်း ချီးမြှင့်ပေးအပ်သည်။
မောင်ညီညာ