မကွေးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မကွေး ဇူလိုင် ၂၈

 


မကွေးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်း အဝေးကို ယမန်နေ့  ညနေ ၄ နာရီက တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


 ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်က ခရိုင်  အလိုက်  တာဝန်ပေးအပ်ထားသည့် ကော်မတီများ အနေဖြင့် မိမိခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ Test Kit ဖြင့် စစ်ဆေးမှု၊ ရောဂါပိုးတွေ့ရှိသူများအား  စင်တာများတွင်  ထားရှိနိုင်ရေး  ဆောင်ရွက်မှု၊ ထိစပ်သူများအား သီးခြားထားရှိနိုင်ရေးဆောင် ရွက်မှု၊ ရောဂါပိုးတွေ့ရှိသူများအတွက် လိုအပ် သောဆေးဝါးများ ဦးစားပေးနိုင်ရေး၊ စင်တာများ တွင် တက်ရောက်ကုသနေသော လူနာများအတွက် ထောက်ပံ့ ကာကွယ်ရေးပစ္စည်းများဖြစ်သည့် နှာခေါင်းစည်း၊ မျက်နှာကာ၊ လက်အိတ်၊ လက်သန့် ဆေး၊ death body  သယ်ဆောင်သည့်အိတ်များ ပြည့်စုံစွာ စီစဉ်ဆောင်ရွက်ထားနိုင်ရေး အခြေ အနေများအားလည်းကောင်း၊ ကူညီဆောင်ရွက် ပေးနေကြသည့် လူမှုကူညီရေးအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများအား အဆင်ပြေချောမွေ့စွာ လုပ်ကိုင်နေထိုင်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားသည်။

 


ဆက်လက်၍  သက်ဆိုင်ရာ ခရိုင်များအလိုက် တာဝန်ပေးအပ်ထားသည့် ကော်မတီဝင်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက်  လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြပြီး မကွေးလေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက်     လိုအပ်ချက်များကို ဖြည့်စွက်ရှင်းလင်းပြောကြားသည်။

 


ယင်းနောက် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌက တင်ပြချက်များအပေါ် လိုအပ်သည်များကို 
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 
                                   

 

မောင်ညီညာ (မကွေး)