မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ကျန်းမာရေးစင်တာနှင့် စစ်ဆေးရေးဂိတ်များသို့် ကြည့်ရှုစစ်ဆေး

 

မကွေး    ဇူလိုင်     ၁၄


မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်နှင့် အဖွဲ့ဝင်များသည်  ဇူလိုင် ၁၃ ရက် နံနက် ၁၀ နာရီက မကွေးမြို့ သီတဂူမျက်စိဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါစစ်ဆေး  ဆောင်ရွက်နေမှု အခြေအနေအားသွားရောက်ကြည့်ရှုပြီး   နှာခေါင်းစည်းများ၊ လက်အိတ်များနှင့်   စားသောက်ဖွယ်ရာများ   ပေးအပ်လှူဒါန်းသည်။ 


ဆက်လက်၍ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ ဦးတင့်လွင်နှင့်  အဖွဲ့ဝင်များသည် ကံပြားကျေးရွာ စစ်ဆေးရေးဂိတ် သို့    ရောက်ရှိပြီး  ကိုဗစ်-၁၉ ရောဂါ    ထိန်းချုပ်ရေးအတွက် အပူချိန်တိုင်းတာပေးနေမှု၊ စာရင်း ကောက်ယူမှု    အခြေအနေနှင့် မော်တော်ယာဉ်ဝင်ထွက်မှု  အခြေ အနေများ    စစ်ဆေးဆောင်ရွက် နေမှုကို      ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည် များ     မှာကြား    ဆောင်ရွက်ခဲ့ သည်။


ဆက်လက်ပြီး     မကွေးမြို့ မြို့ရှောင်လမ်းရှိ    ကမ္ဘာကျော် အောက်ဆီဂျင်ဓာတ်ငွေ့   ထုတ် လုပ်ရေးစက်ရုံသို့    သွားရောက် ကြည့်ရှုစစ်ဆေးပြီး  မကွေးတိုင်း ဒေသကြီးအတွင်းရှိ ဆေးရုံများ၏ အောက်ဆီဂျင်      လိုအပ်မှုများ ဖြည့်ဆည်းနိုင်ရေးအတွက် နေ့စဉ် ထွက်ရှိသည့်   အောက်ဆီဂျင် များအား အချိုးကျခွဲဝေ ရောင်းချ ပေးရေး  ညှိနှိုင်းဆောင်ရွက်ပေးပြီး လျှပ်စစ်မီး    အချိန်ပြည့်ရရှိရေး တင်ပြမှုအပေါ်  ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။


မွန်းလွဲပိုင်းတွင်   တိုင်းဒေသ ကြီး    စီမံအုပ်ချုပ်ရေး  ကောင်စီ ဥက္ကဋ္ဌ  ဦးတင့်လွင်နှင့်    အဖွဲ့ဝင် များသည်   မင်းဘူးခရိုင်    ပြည်သူ့ ဆေးရုံကြီးသို့       ရောက်ရှိပြီး  ကိုဗစ်-၁၉     ရောဂါကာကွယ်ရေး လုပ်ငန်းများအတွက်    ဆေးနှင့် ဆေးပစ္စည်း လိုအပ်ချက် ရှိ/မရှိနှင့် ဆေးဝါး ကုသဆောင်ရွက်ပေးနေမှု အခြေအနေများအား    ကြည့်ရှု စစ်ဆေးသည်။  ထို့နောက်   ဆေးရုံ ကြီးတွင်          အောက်ဆီဂျင် လိုအပ်ချက်   မရှိစေရေးအတွက် လက်ရှိ    အသုံးပြုလျက်ရှိသော  အောက်ဆီဂျင်စက်   လိုအပ်ချက် များအား  ဖြည့်ဆည်းဆောင်ရွက် ပေးကာ ထပ်မံပြုပြင်ဆောင်ရွက် ရန်  မှာကြားသည်။


ယင်းနောက်    တိုင်းဒေသကြီး      စီမံအုပ်ချုပ်ရေး    ကောင်စီဥက္ကဋ္ဌနှင့်    အဖွဲ့ဝင်များသည်      ငဖဲမြို့နယ်    ပျဉ်းဝကျေးရွာ ဝင်/ထွက်  ပူးပေါင်း စစ်ဆေးရေးဂိတ်သို့  ထွက်ခွာလာ ရာ ညနေ ၄  နာရီ  မိနစ် ၅၀ခန့်တွင်  ငဖဲမြို့နယ်       ပျဉ်းဝကျေးရွာ ကျန်းမာရေး စစ်ဆေးရေးဂိတ်နှင့် ဝင်/ထွက်     ပူးပေါင်းစစ်ဆေးရေး ဂိတ်သို့   ရောက်ရှိပြီး  မော်တော် ယာဉ်များ   ဝင်/ထွက်သွားလာမှု၊ ကျန်းမာရေး   စစ်ဆေးပေးနေမှု အခြေအနေများနှင့်    ပျဉ်းဝကုန် စည်လွှဲပြောင်းရေးစခန်းရှိ လေလံ ရောင်းချမည့်    အဆောက်အအုံ အခြေအနေမျာအား   ကြည့်ရှု စစ်ဆေးပြီး  ခရိုင်၊   မြို့နယ်များမှ တာဝန်ရှိသူများ၏   တင်ပြချက် များအပေါ်   လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကာ ပျဉ်းဝကုန်စည်   လွှဲပြောင်းရေး စခန်းရှိ    ဂိတ်အဆောက်အအုံ ဟောင်းများကို  မြို့နယ်အတွင်းရှိ လိုအပ်သော     နေရာများတွင် အကျိုးရှိရှိ    အသုံးချနိုင်ရေးနှင့် ကျန်းမာရေး    စစ်ဆေးရေးဂိတ် ကို     စုပေါင်းဂိတ်၏     အထက်    မြေကွက်လပ်တွင်     ပြောင်းရွှေ့ ဖွင့်လှစ်နိုင်ရေး        ဆောင်ရွက် သွားရန်      မှာကြားခဲ့ကြောင်း        သိရသည်။
           

မောင်ညီညာ(မကွေး)