မကွေးနည်းပညာတက္ကသိုလ်၌ ကျောင်းသား ကျောင်းသူ အိပ်ဆောင်သစ် တည်ဆောက်လျက်ရှိ

 

မကွေး  ဇူလိုင်   ၁၀


မကွေးမြို့   နည်းပညာတက္ကသိုလ်တွင်   ကျောင်းသား‌     ကျောင်းသူ အိပ်ဆောင်အဖြစ်    အာစီ   သုံးထပ်ဆောင်ကို  တည်ဆောက်လျက်ရှိရာ တည်‌ဆောက်ရေးလုပ်ငန်းများကို တိုင်းဒေသကြီး လူမှု‌ရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်နှင့် တာဝန်ရှိသူများက ဇူလိုင် ၈ ရက်တွင် ကြည့်ရှုစစ်ဆေး သည်။ 

 


တိုင်းဒေသကြီး  လူမှုရေးရာဝန်ကြီးက ကျောင်းသား ကျောင်းသူ အိပ်ဆောင်တည်‌ဆောက်ခြင်းလုပ်ငန်းကို သတ်မှတ်စံချိန်စံညွှန်းများနှင့် အညီ    အရည်အသွေးပြည့်မီစွာ     ဆောင်ရွက်သွားရန်၊ သတ်မှတ်ကာလ အတွင်း    အချိန်မီပြီးစီးရေးဆောင်ရွက်ရန်၊    ကျောင်းဝင်းသန့်ရှင်း သာယာလှပရေးအတွက်   သစ်ပင်၊   ပန်းပင်များ   စိုက်ပျိုးထားရှိရန် မှာကြားပြီး တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာတင့်ဆန်းက အဆောက် အအုံသစ်ကို   ခွင့်ပြုရန်ပုံငွေကျပ်   ၁၇၅၈  ဒသမ   ၁၁၆    သန်းဖြင့် တည်ဆောက်ခြင်းဖြစ်ပြီး ၂၁၁ ပေ x ၁၄၃ ပေ ၆ လက်မ အကျယ်အဝန်း ရှိကြောင်း၊ အဆောက်အအုံပြီးစီးပါက ကျောင်းသား ကျောင်းသူ ၂၄၀ အထိ ထားရှိနိုင်မည်ဖြစ်ကြောင်းနှင့် တည်ဆောက်ခြင်းလုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ     အချိန်မီပြီးစီးရေး      ကြီးကြပ် ဆောင်ရွက်မည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။

 


ထို့နောက်      လူမှု‌ရေးရာဝန်ကြီးက     ကျောင်းသားအိပ်ဆောင် တည်ဆောက်နေမှုများကို     ကြည့်ရှုစစ်ဆေးပြီး   မကွေးနည်းပညာ တက္ကသိုလ်ရှိ ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများအတွက် နှာခေါင်းစည်းနှင့် လက်သန့်ဆေးရည်များကို ပါမောက္ခချုပ်ထံ ပေးအပ် ခဲ့သည်။                                                                      

ကိုအောင်