
မကွေး ဧပြီ ၂၇
မဲဆန္ဒရှင်စာရင်း မှန်ကန်ရေး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ မဲစာရင်းတွင် မှန်ကန်စွာဖြည့် သွင်းနိုင်ရေးအတွက် နိုင်-၄ မှတ်တမ်းများအား E.IDစနစ်ဖြင့် Excel Format ထည့်သွင်းလျက် ရှိရာ မကွေးမြို့နယ်အနေဖြင့် နိုင်-၄ မှတ်တမ်းရေးသွင်းရန် လူဦးရေ စုစုပေါင်း ၃၂၈၆၄၅ ဦး ရှိပြီး ၁၄၈၂၂၂ ဦးအား စာရင်း ရေးသွင်းပြီးဖြစ်ကြောင်း သိရ သည်။
မကွေးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ ဝန်ဆောင်မှုရုံး (OSS) ရုံးတွင် မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ က နိုင်-၄ မှတ်တမ်းများအား E.ID စနစ်ဖြင့် Excel Format ထည့်သွင်းနေမှုအား တိုင်းဒေသ ကြီး လူမှုရေးရာဝန်ကြီး ဦးစိုးပိုင် မြင့်နှင့် အဖွဲ့ဝင်များက ယနေ့ နံနက်ပိုင်းက ကြည့်ရှုအားပေး သည်။
တိုင်းဒေသကြီး လူမှုရေးရာ ဝန်ကြီးက ယခု လာမည့် ရွေးကောက်ပွဲတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေရန် မဲစာရင်းပြုစုရာတွင် အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ(၆၆/၆) တစ်ခုတည်းကိုသာ အခြေခံစာရင်းအဖြစ် အသုံးပြု ခြင်းမပြုလုပ်ဘဲ နိုင်ငံသားစိစစ် ရေးကတ်ပြား ထုတ်ပေးသည့် မှတ်ပုံတင်စာရင်း နိုင်-၄ ကိုပါ အခြေခံစာရင်းအဖြစ် အသုံးပြုပြီး အပြန်အလှန် စစ်ဆေးနိုင်သည့် နည်းပညာကို အသုံးပြု၍ ဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံသားများ၏ တစ်ဦးချင်း ကိုယ်ရေးအချက်အလက်များကို ထည့်သွင်းခြင်းဖြစ်၍ ဂရုတစိုက် ဆောင်ရွက်စေလိုကြောင်း မှာကြား သည်။
ကိုစည်သူ (မကွေး)