မကွေးမြို့၌ စိန်ရတုလွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ ကျင်းပ

 

မကွေး    ဇန်နဝါရီ    ၄


ဇန်နဝါရီ ၄ ရက်တွင် ကျရောက်သည့် (၇၅)နှစ် မြောက်လွတ်လပ်ရေးနေ့ အလံတင်  အခမ်း အနားနှင့် သဝဏ်လွှာဖတ်ကြားပွဲကို ယနေ့ နံနက်ပိုင်းက မကွေးခရိုင် အားကစားကွင်း၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး    လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး       ဗိုလ်မှူးကြီး ကျော်ကျော်လင်းနှင့် တိုင်းဒေသကြီးဝန်ကြီး များ၊ မကွေးတပ်နယ်မှူး၊  တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊   ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ   တာဝန်ရှိသူများ၊ မကွေးပညာရေးဒီဂရီကောလိပ်ရှိ ကျောင်းသား ကျောင်းသူများ၊  မကွေးသူနာပြုသင်တန်း ကျောင်းမှ   သင်တန်းသား   သင်တန်းသူများ၊ မြို့နယ်ကြက်ခြေနီအသင်းအဖွဲ့များ၊  လူမှုရေး အဖွဲ့အစည်းများနှင့်    ဒေသခံပြည်သူများ တက်ရောက်သည်။ 

 


နံနက် ၄ နာရီ မိနစ်၂၀ တွင် နိုင်ငံတော်အလံ ကို     ဂုဏ်ပြုတပ်ဖွဲ့က     လွှင့်တင်ခဲ့ပြီး   တက်ရောက်လာကြသည့် ခရိုင်/ မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက   နိုင်ငံတော် အလံကို အလေးပြုသည်။ 

 


ဆက်လက်၍ သဝဏ်လွှာဖတ်ကြားပွဲကို နံနက်၇ နာရီတွင်    ကျင်းပရာ တိုင်းဒေသကြီး  လုံခြုံရေးနှင့်  နယ်စပ်ရေးရာဝန်ကြီးအား         ဂုဏ်ပြုတပ်ဖွဲ့ဝင်များက     သေနတ်မြှောက် အလေးပြုကြပြီး တက်ရောက်လာကြသူများက        နိုင်ငံတော်အလံကို အလေးပြုသည်။ 

 


ထို့နောက်    ဂုဏ်ပြုတပ်ဖွဲ့ဝင်များက ကျဆုံးလေပြီးသော တပ်မတော်သားများအား အလေးပြုကာ သစ္စာအဓိဋ္ဌာန်(၄)ချက်ကို ရွတ်ဆို ခဲ့သည်။

 


ယင်းနောက်      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ       နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်ထံမှ    ပေးပို့ သော (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေး နေ့ သဝဏ်လွှာကို တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက  ဖတ်ကြားခဲ့သည်။ 

 


စိန်ရတုလွတ်လပ်ရေးနေ့    အလံတင် အခမ်းအနားနှင့်     သဝဏ်လွှာဖတ်ကြားပွဲသို့ တက်ရောက်လာကြသူများအား ခရိုင်ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း များက   စိန်ရတုလွတ်လပ်ရေးနေ့   အထိမ်း အမှတ် သတင်းစကား     လက်ကမ်းစာစောင် များကို ဖြန့်ဝေပေးခဲ့သည်။ 


ကိုစည်သူ(မကွေး)