မကွေးကုန်စည်ဒိုင်၏ သီးနှံမျိုးစုံစျေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု

 

မကွေးတိုင်းဒေသကြီး     မကွေး ကုန်စည်ဒိုင်နှင့်  ပွဲရုံများ၌  သီးနှံ မျိုးစုံ    ပုံမှန်အရောင်းအဝယ်ဖြစ် လျက်ရှိရာ နိုဝင်ဘာလနောက်ဆုံး ပတ်တွင်   မကွေးကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော သီးနှံစျေးနှုန်းများမှာ     ပဲတီစိမ်း (သစ်) ပိဿာ  ၂၀ ပါ တစ်တင်းလျှင် ကျပ် ၅၂၀၀၀၊ ပဲနောက် ပိဿာ ၂၀ ပါ     တစ်တင်းလျှင်     ကျပ် ၄၆၅၀၀၊    ပဲလွန်း   ၁၉ ပိဿာပါ တစ်တင်းလျှင်    ကျပ်    ၅၅၀၀၀၊ ကုလားပဲ(929)     ၁၉  ပိဿာပါ တစ်တင်းလျှင်   ကျပ်   ၈၄၅၀၀၊ ကုလားပဲ(ဟော်လန်) ၁၉ ပိဿာ ပါ တစ်တင်းလျှင် ကျပ် ၈၄၀၀၀၊ ပဲကြီး(ဖြူ)ပြားကြီး ၁၉ ပိဿာပါ တစ်တင်းလျှင် ကျပ် ၁၃၀၀၀၀၊ ပဲကြီးဖြူ(လတ်)   ၁၉  ပိဿာပါ တစ်တင်းလျှင်  ကျပ်   ၁၂၀၀၀၀၊ ပဲကြီးဖြူ(သေး)    ၁၉  ပိဿာပါ တစ်တင်းလျှင်  ကျပ်    ၁၁၀၀၀၀၊ နှမ်းနက်(စမုံ)    ၁၅    ပိဿာပါ တစ်တင်းလျှင် ကျပ်(၁၀၇၀၀၀-၁၁၀၀၀၀)၊ နှမ်းဖြူ ၁၅ ပိဿာပါ တစ်တင်းလျှင်  ကျပ်  ၁၁၅၀၀၀၊ နှမ်းနီ(မကွေး)     ၁၅   ပိဿာပါ တစ်တင်းလျှင် ကျပ် ၁၀၀၀၀၀၊ မြေပဲလုံးဆန်(နီ) တစ်ပိဿာလျှင် ကျပ် ၅၃၀၀-၅၅၀၀ နှင့် မြေပဲလုံး ဆန်(ဖြူ) တစ်ပိဿာလျှင် ကျပ် ၅၅၅၀-၅၆၀၀   စသည့်ဈေးနှုန်း များဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း သိရသည်။
မကွေးကုန်စည်ဒိုင်၌    နိုဝင် ဘာလ   နောက်ဆုံးပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုအနေဖြင့် နှမ်းဖြူ တန် ၁၀၀ ခန့်၊ နှမ်းနီ  ၂၅ တန်ခန့်၊ နှမ်းနက်(စမုံ) တန် ၁၀၀ ခန့်၊ နှမ်းနက်(ရိုးရိုး) တန် ၅၀ ခန့်၊ ပဲတီစိမ်း  တန် ၅၀ ခန့်၊ ကုလားပဲ တန် ၁၀၀ ခန့်၊ ပဲကြီး(ဖြူ) တန်၄၀ ခန့်၊    ပဲကြီး(မည်း)     ၁၀ တန်ခန့်၊ စားတော်ပဲ တန် ၂၀ ခန့်၊ မတ်ပဲ ၁၅ တန်ခန့်နှင့် မြေပဲဆန် တန် ၅၀၀ ခန့်၊ ပဲနောက် တန် ၅၀ ခန့် နှင့်      ပဲလွန်းဝါ     တန် ၇၀ ခန့် အရောင်းအဝယ်   ဖြစ်ခဲ့ကြောင်း သိရသည်။
DOCA (မကွေး)