
ရန်ကုန် ဇန်နဝါရီ ၃၀
မကြာမီ ဖွင့်လှစ်တော့မည့် သန်လျင်တံတား အမှတ် - ၃ ကြောင့် သန်လျင်မြို့နယ်တွင် အိမ်ခြံမြေစျေး ပိုကောင်းလာနိုင် ကာ အရောင်းအဝယ်သွက်နေ ကြောင်း အဆိုပါမြို့နယ်ရှိ အိမ်ခြံ မြေရောင်းဝယ်ရေးအသိုင်းအဝိုင်း များထံ မေးမြန်းထားသည့် အချက် အလက်များအရ သိရသည်။
“သန်လျင်တံတားက ပြီးတော့ မယ်လေ။ တံတားပြီးရင်တော့ သန်လျင်မှာ မြေစျေးက ကောင်း လာတော့မယ်။ ကျွန်တော်တို့ သန်လျင်မှာ ဖြစ်နေတဲ့ပြဿနာက တံတားပိတ်နေတဲ့ ပြဿနာ။ တကယ်တော့ သန်လျင်က မြို့ထဲ နဲ့လည်း နီးတယ်။ သွားရေး လာရေး အဆင်ပြေတယ်။ အခု တံတားဖွင့်လာရင် လူနေထိုင် မှုလည်း စည်ကားလာမယ်။ အဲဒါ တွေပြီးရင် ဈေးက ကောင်းလာမှာ ဆိုတော့ အခုချိန် ဝယ်ထားရင် ပိုကောင်းတယ်” ဟု မျိုးသက် သန်လျင်အိမ်ခြံမြေရောင်းဝယ်ရေး မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
တံတားကြီးပြီးလျှင် စျေး ကောင်းမည်ဟု ခန့်မှန်းထားသော် လည်း လက်ရှိတွင် သန်လျင် မြို့နယ်ရှိ အိမ်ခြံမြေစျေးနှုန်းများ မှာ သင့်တင့်နေသေးကြောင်း လည်း စုံစမ်းသိရှိရသည်။
“တံတားလည်း ပြီးတော့မယ် ဆိုတော့ သန်လျင်ဘက်ကအရောင်း အဝယ်တွေ သွက်လာတယ်။ ဘာလို့လဲဆိုတော့ တခြားမြို့နယ် တွေနဲ့ယှဉ်ရင် စျေးက သင့်တင့်နေ သေးတယ်။ အခု ဒဂုံဆိပ်ကမ်းတို့၊ တောင်ဒဂုံတို့၊ အရှေ့ဒဂုံတို့ထက် စာရင် သန်လျင်က စျေးသိပ်မတက် သေးဘူး။ တခြားမြို့နယ်တွေ ထက်စာရင် ဈေးသိပ်မကြီးသေး ဘူး။ ပေ ၄၀x ၆၀ မှာ တစ်ထောင်၊ ထောင့်တစ်ရာ လောက်ရနေသေး တယ်” ဟု အထက်ပါ တာဝန်ရှိသူ က ဆိုသည်။
ထိုပြင် သီလဝါအထူးစီးပွား ရေးဇုန်ကို အကြောင်းပြုပြီး ပြည်တွင်း၊ ပြည်ပ စီးပွားရေး လုပ်ငန်းများ တိုးပွားလာမှုကြောင့် ရန်ကုန်မြို့အပါအဝင် ရန်ကုန် တောင်ပိုင်းခရိုင် မြို့နယ်များဖြစ် သည့် သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွဒေသ၏ အိမ်ခြံမြေ ဈေးများလည်း မြင့်တက်လာနိုင် ဖွယ်ရှိကြောင်း သိရသည်။
သစ်တော်