မြိုတိုင်းရင်းသားပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ် ( ၁၆ / ၂၀၂၃ )
၁၃၈၅ ခုနှစ် ၊ ကဆုန်လပြည့်ကျော်  ၁  ရက်
( ၂၀၂၃ ခုနှစ် ၊ မေလ  ၄  ရက် )
မြိုတိုင်းရင်းသားပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ သပြေကုန်း၊ အမှတ်(၄)ရပ်ကွက်၊ အိမ်အမှတ် (၂၄၅) တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော  မြိုတိုင်းရင်းသားပါတီကို  ၂၀၂၃ ခုနှစ်၊ မေလ  ၄  ရက်နေ့မှစ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ကြေညာလိုက်သည်။
မြိုတိုင်းရင်းသားပါတီ၏ မှတ်ပုံတင်အမှတ်မှာ ( ၁၁ ) ဖြစ်ပါသည်။

    (ပုံ) သိန်းစိုး
    ဥက္ကဋ္ဌ
    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်