
ရန်ကုန် ဇွန် ၂၂
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့ နံနက် ၇ နာရီခွဲ က မြေနီကုန်း(မြောက်)ရပ်ကွက်၊ ပြည်လမ်းနှင့် ဦးဝိစာရလမ်းထောင့်ရှိ YCDC Car Parking ပြုလုပ် နေမှုလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးသည်။
ဖြည့်ဆည်းဆောင်ရွက်ပေး
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် မရမ်းကုန်း မြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC)ခန်းမသို့ သွားရောက်၍ အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ ဆောင်ရွက်နေသော ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာအတွက် ပင်မခန်းမကြီး အတွင်း၌ ခြောက်ခန်းတွဲ ၁၉ လုံး၊ လေးခန်းတွဲ ခြောက်လုံး၊ နှစ်ယောက်ခန်း တစ်ခန်းပါသည့် ခုတင် ၁၄၀၊ ပထမထပ် အဆောင်(၇)ဆောင်၌ ခုတင် ၁၁၃ လုံးနှင့် ခန်းမအဝင် ICU ခန်း၌ ခုတင် ၁၂ လုံး၊ စုစုပေါင်း ခုတင် ၂၆၅ လုံးဆံ့ ကုသရေးစင်တာ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေး ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး သည်။
ယင်းနောက် မြို့တော်ဝန်နှင့် အဖွဲ့သည် မင်းဓမ္မ လမ်းနှင့် တော်ဝင်လမ်းထောင့်ရှိ မင်းဓမ္မ ဒုတိယဗဟို စီးပွားရေးဇုန် စီမံကိန်းဝင်းအတွင်း ရေစီးရေလာ စီမံခန့်ခွဲမှုဌာနမှ ဆောင်ရွက်နေသော အောင်သိဒ္ဓိ ချောင်း တူးဖော်ရှင်းလင်းနေမှုနှင့် ရေစီးရေလာအခြေ အနေကိုလည်းကောင်း၊ မရမ်းကုန်းမြို့နယ် (၁၀)ရပ်ကွက် အင်းလျားရိပ်သာလမ်းရှိ အင်းလျားကန် ရေပိုလွှဲ Spill Wayနှင့် ရေထုတ်မြောင်းတွင် မှော်၊ ဒိုက်၊ အမှိုက်များ ဆယ်ယူရှင်းလင်းနေမှုကိုလည်းကောင်း၊ ကမ္ဘာအေးဘုရားလမ်း အင်းလျားကန်ပေါင် တွင် နုန်းဖယ်ကန်နှင့် အင်းလျားရေဝင်ပေါက်နေရာ ဆယ်ယူရှင်းလင်းနေမှုနှင့် ပြုပြင်ဆောင်ရွက်မှုကို လည်းကောင်း၊ ကန်တော်ကြီးသဘာဝဥယျာဉ် အတွင်းရှိ ကန်တော်ကြီးအဝင် ရေပြွန်ပေါက်တွင် Trash Remover အမှိုက်ဆယ်ယူသန့်စင်စက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် မန်ကျည်းတန်းမြောင်း အတွင်း အမှိုက်နှင့် နုန်းများ ဆယ်ယူရှင်းလင်းနေသည့် လုပ်ငန်းသို့လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေး ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။ သတင်းစဉ်