မြို့တော်သန့်ရှင်းသာယာသပ်ရပ်ရေးနှင့် မဟာသင်္ကြန်ရေသဘင်ပွဲတော် အကြိုပြင်ဆင်နေမှုများ ရန်ကုန်မြို့တော်ဝန် ကွင်းဆင်းစစ်ဆေး

 

ရန်ကုန်    ဧပြီ   ၁၀


ရန်ကုန်တိုင်းဒေသကြီး  စည်ပင်သာယာရေးဝန်ကြီး  ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ  ဥက္ကဋ္ဌ  (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၇ နာရီတွင် မင်္ဂလာဒုံမြို့နယ်  ပလရ ရပ်ကွက် ဗိုလ်ခြံမှတ်တိုင်အနီးရှိ ဆုတောင်းပြည့်ကပ်ကျော်ဘုရားနှင့် ထောက်ကြန့်လမ်းဆုံအကြား ပြည်လမ်း တစ်လျှောက် လမ်းသားများခြစ်၍ ကတ္တရာကွန်ကရစ် (AC) ထပ်ပိုးလွှာ  ခင်းကျင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး  လုပ်ငန်းခွင်  အန္တရာယ်ကင်းရှင်းရေးနှင့်  သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ  ဆောင်ရွက်ရေး မှာကြားသည်။

 


သန့်ရှင်းသာယာသပ်ရပ်ရေး


ထိုမှတစ်ဆင့်      ပြည်လမ်း  တစ်လျှောက် ရှမ်းစုမှတ်တိုင်အနီး  မော်တော်ယာဉ်သုံး         သဘာဝ ဓာတ်ငွေ့အရောင်းဆိုင်      အမှတ် ၀၂၅   ဓာတ်ငွေ့ဖြည့်တင်းသည့် မော်တော်ယာဉ်များ လမ်းပိတ်ဆို့ မှု     မရှိစေရေးနှင့်     စနစ်တကျ ရပ်စောင့်နိုင်ရေးအတွက်     လမ်း တိုးချဲ့ခင်းကျင်းရန်      မှာကြား၍  လည်းကောင်း၊   အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်း    ရပ်ကွက် ပြည်လမ်း   အမှတ်(၉) အလယ် တန်းကျောင်းရှေ့တွင်      အုတ် တံတိုင်းနှင့် လူသွားစင်္ကြံအကြား မြေပြင်ညှိ၍ မြေယာရှုခင်းပြုပြင် ဆောင်ရွက်နေမှုနှင့်       သန့်ရှင်း သာယာသပ်ရပ်ရေး လုပ်ငန်းများ  ဆောင်ရွက်နေမှုတို့ကို          လည်း ကောင်း     ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 


ယင်းနောက် မြို့တော်ဝန်နှင့် အဖွဲ့သည်   ဒဂုံမြို့နယ်   ပြည်သူ့ ရင်ပြင်နှင့်      ပြည်သူ့ဥယျာဉ်သို့ သွားရောက်၍   ၁၃၈၃   ခုနှစ် မဟာသင်္ကြန် ရေသဘင်ပွဲတော် အတွက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု နှင့်အညီ   ပကာသနမဖက်သော ရေကစားမဏ္ဍပ်များ            တည် ဆောက်နေမှုကို လည်းကောင်း၊ ပန်းဘဲတန်း၊         ပုဇွန်တောင်၊ ဗိုလ်တထောင်နှင့် ကျောက်တံတား မြို့နယ်များအတွင်း     ရေကစား မဏ္ဍပ်များ တည်ဆောက်နေမှုကို  လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး မဏ္ဍပ်များ ကြံ့ခိုင်ကောင်းမွန်စေ ရေး၊ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် အညီ      ပြင်ဆင်ဆောင်ရွက်ရေး၊ ပြည်သူများ စိတ်အေးချမ်းသာစွာ ရေကစားနိုင်ရေး    ဆောင်ရွက်ရန် မှာကြားပြီး      လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 


စိတ်လက်ပျော်ရွှင်ရေး


မြန်မာ့ရိုးရာ   ယဉ်ကျေးမှု မဟာသင်္ကြန် ရေသဘင်ပွဲတော် အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် နှစ်နှစ် တိုင်တိုင်  ကျင်းပခြင်းမရှိခဲ့သော် လည်း  ယခု  ၂၀၂၂ ခုနှစ် မြန်မာ သက္ကရာဇ် ၁၃၈၃ ခုနှစ် မြန်မာ နှစ်ဟောင်းကုန်လွန်၍ နှစ်သစ်သို့  ကူးပြောင်းသည့် အခါသမယတွင် ရန်ကုန်မြို့တော်နေ   ပြည်သူများ မြန်မာ့ရိုးရာယဉ်ကျေးမှု    အစဉ် အလာနှင့်အညီ စိတ်လက်ပေါ့ပါး ပြီး           ပျော်ရွှင်ချမ်းမြေ့စေရေး အတွက် ပြန်လည်ကျင်းပနိုင်ရေး ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ၏    လမ်းညွှန်မှုဖြင့်     ရန်ကုန် မြို့တော်         စည်ပင်သာယာရေး ကော်မတီက  စီစဉ်ကြပ်မတ်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။


သတင်းစဉ်