မြို့တော်ကဘူးလ်ရှိ ဟိုတယ်တစ်လုံးတွင် လက်နက်ကိုင်တိုက်ခိုက်မှုကြောင့် အများအပြားသေဆုံး

 

ကဘူးလ်    ဒီဇင်ဘာ   ၁၃ 


အာဖဂန်မြို့တော်     ကဘူးလ်ရှိ ဟိုတယ်   တစ်လုံး၌ လက်နက် ကိုင်များ ဒီဇင်ဘာ   ၁၂  ရက်က  ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်     အဆိုပါတိုက်ခိုက်မှုကို      မိမိတို့ ပြုလုပ်ခဲ့သည်ဟု  အိုင်အက်စ်အဖွဲ့ က ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်တွင် တိုက်ခိုက်ရေးသမား သုံးဦးကို လုံခြုံရေးတပ်ဖွဲ့များက သတ်ဖြတ်နိုင်ခဲ့ကြောင်း တာလီ ဘန်အရာရှိတစ်ဦးက ပြောကြား လိုက်သည်။ 

 


အဆိုပါဟိုတယ်သည်   နိုင်ငံ ခြားသားများအကြား အထူးသဖြင့် တရုတ်နိုင်ငံမှ         လာရောက်  တည်းခိုသော နိုင်ငံခြားသားများ ကြား         ထင်ရှားပေါ်လွင်သော ဟိုတယ်တစ်လုံး ဖြစ်သည်။ 
တိုက်ခိုက်မှုမှ လွတ်မြောက် ရန် ပြတင်းပေါက်မှ ခုန်ချခဲ့သော နိုင်ငံခြားသား   နှစ်ဦး     ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ 
ဒဏ်ရာရရှိသူ   ၁၈   ဦးကို လက်ခံခဲ့ကြောင်းနှင့်     သုံးဦးမှာ ဆေးရုံအရောက်တွင်     သေဆုံးခဲ့ ကြောင်း    အီတလီပရဟိတအဖွဲ့ က တည်ထောင်ခဲ့သော ဆေးရုံမှ  တာဝန်ရှိသူ တစ်ဦးက ပြောကြား လိုက်သည်။ 

 


သေဆုံးသွားသူများမှာ နိုင်ငံ သား မည်သူမည်ဝါဖြစ်ကြောင်း ကို တာဝန်ရှိသူများက အတည် မပြုနိုင်သေးကြောင်း သိရသည်။ 
ဒဏ်ရာ        ရရှိသူများတွင် တရုတ်နိုင်ငံသား   ငါးဦး  ပါဝင် ကြောင်း   တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက      ပြောကြားလိုက် သည်။  ထို့အပြင်   စစ်ဘက်နှင့်  ရဲဘက်အရာရှိများလည်း သေဆုံး ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကို စစ်ဘက်က အပြင်းအထန်ရှုတ်ချခဲ့ သည်။   အကြမ်းဖက်   တိုက်ခိုက်မှု သည်   အန္တရာယ်ရှိပြီး   မိမိတို့    အလွန်           တုန်လှုပ်မိကြောင်း စစ်ဘက်   ပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်သည်။ 


အင်န်အိတ်ချ်ကေ