မြို့တော်ဘိလပ်မြေစက်ရုံ(ပြည်ညောင်) တိုးချဲ့တည်ဆောက်လျက်ရှိ

 

ရန်ကုန်   ဇန်နဝါရီ    ၁၆


ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ     ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ သည် ကော်မတီဝင်   ဒေါက်တာ ငွေစန်းနှင့် သက်ဆိုင်ရာ တာဝန်ရှိ သူများနှင့်အတူ ယမန်နေ့  နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်     ပြည်ညောင် ကျေးရွာအနီး မြေဧရိယာ ၅၁၅ ဧကပေါ်ရှိ တစ်နေ့တန် ၅၀၀ ကျ Wet Process မြို့တော်ဘိလပ် မြေစက်ရုံ  (ပြည်ညောင်)  အား Yadanar Sai Kaung Myat Kyaw Mining Co.,Ltd မှ တာဝန်ယူ၍ တစ်ရက်လျှင် ဘိလပ်မြေ တန်  ၆၀၀၀ ကျ နှစ်လိုင်း တိုးချဲ့တည် ဆောက်လျက်ရှိရာ    စီမံကိန်း လုပ်ငန်းများကို  လိုက်လံစစ်ဆေး ပြီး လုပ်ငန်းလိုအပ်ချက်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 


ရှေးဦးစွာ    စက်ရုံရှင်းလင်း ဆောင်အတွင်း၌    Excellent Fortune Development Group ၏ ဒါရိုက်တာ ဦးတေဇက စက်ရုံ အဆင့်မြှင့်တင် တိုးချဲ့ဆောက်ရွက် သွားမည့်အစီအစဉ်၊ နိုင်ငံတကာ  အဆင့်မီ နောက်ဆုံးနည်းစဉ်ဖြစ် သည့်   New  Dry Process ဖြင့် တစ်ရက်လျှင် တန် ၆၀၀၀ ကျ နှစ်လိုင်း ဘိလပ်မြေစက်ရုံ စီမံ ကိန်း အကောင်အထည်ဖော်မည့် လျာထားချက်များ၊ တိုးချဲ့ဆောင် ရွက်မည့်   စီမံကိန်းဧရိယာနှင့် မလွတ်ကင်းသည့် မူလအဆောက် အအုံများစာရင်း မူလတစ်ရက်တန် ၅၀၀ ကျ စက်၏ အဆောက်အအုံ များ၊   တိုးချဲ့စီမံကိန်းတွင်   ထည့် သွင်းဆောက်လုပ်မည့် အဆောက် အအုံများအား        ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြရာ ဒုတိယမြို့တော် ဝန်မှ လုပ်ငန်များ ဆောလျှင်စွာ အမြန်     အကောင်အထည်ဖော်  ဆောင်ရွက်ရေးကို   မှာကြားပြီး တင်ပြချက်များအပေါ် သက်ဆိုင် ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 


ထို့နောက် ဒုတိယမြို့တော်ဝန် နှင့် တာဝန်ရှိသူများသည် စက်ရုံ တည်ဆောက်မည့်     မြေနေရာ ပြုပြင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ် ဆေးရာ    သက်ဆိုင်ရာတာဝန်ရှိ သူများက   ၅၁၅   ဧကအနက်မှ ၁၈၅   ဧကတွင်   မြေပြင်ပြုပြင် ထားရှိမှု၊ ကျောက်မီးသွေးစုပုံကွင်း၊  ကျောက်ခွဲစက်၊ ဘိလပ်မြေကြိတ် စက်၊ အရာရှိအိမ်ရာ၊  ရုံးခန်းနှင့် ထမင်းစားဆောင်   တည်ဆောက် မည့် မြေနေရာများ၊ မြေပြင်ပြုပြင်  ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ မလွတ်ကင်းသည့်   အဆောက် အအုံများ၊ တည်ဆောက်ပြီး စက်ရုံ ဟောင်း      အခြေအနေများကို  လိုက်လံရှင်းလင်းပြသရာ ဒုတိယ မြို့တော်ဝန်က လုပ်ငန်းခွင် ဘေး အန္တရာယ်ကင်းရှင်းရေး အလေး ထားဆောင်ရွက်ရန် မှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 


အဆိုပါ   ဘိလပ်မြေစက်ရုံ တိုးချဲ့တည်ဆောက်ရေးစီမံကိန်းတွင်    Kiln  Head &  Central Control Room (CCR) တစ်လုံး၊ ဝန်ထမ်းအိမ်ရာ၊ နှစ်လုံး၊ အုပ်ချုပ် မှုအဆောက်အအုံ     တစ်လုံး၊ ဝန်ထမ်းစားရိပ်သာ     တစ်လုံး၊ အလျား ပေ ၄၀၊ အနံ ၃၅ ပေ၊ အမြင့် ၁၂ ပေ နှစ်ခန်းတွဲဝန်ထမ်း အိပ်ရာ လေးလုံး၊ အလျား ပေ ၁၂၀၊ အနံ ၃၂ ပေ၊    အမြင့် ၁၂ ပေ ဝန်ထမ်းအမျိုးသားဆောင် သုံးလုံး၊ အလျား ၁၁၂ ပေ၊   အနံ ၃၂  ပေ၊ အမြင့် ၁၂ ပေ လူပျိုဆောင် သုံးလုံး၊ အလျား ပေ ၁၀၀၊ အနံ ၃၆ ပေ၊ အမြင့် ၁၂ ပေ လေးခန်းတွဲဝန်ထမ်း အိမ်ရာ ခုနစ်လုံး၊ အလျား ပေ ၁၀၀၊ အနံ   ၃၆  ပေ၊    အမြင့် ၁၂ပေ ငါးခန်းတွဲ ဝန်ထမ်းအိမ်ရာ လေး လုံး စုစုပေါင်း ၂၅ လုံး ထည့်သွင်း တည်ဆောက်ပေးသွားမည်ဖြစ် ကြောင်းနှင့် 10MW Waste Heat Power Generation တစ်ခုစီ ပါရှိသည့်    နိုင်ငံတကာအဆင့်မီ နောက်ဆုံးနည်းစဉ်ဖြစ်သည့် New Dry Process ဖြင့် တစ်ရက်လျှင် ဘိလပ်မြေတန်   ၆၀၀၀    ကျ နှစ်လိုင်းကို     သတ်မှတ်ကာလ ငါးနှစ်အတွင်း အကောင်အထည် ဖော် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။  

သတင်းစဉ်