
နေပြည်တော် ဇန်နဝါရီ ၂၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန် နေ့က မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ်များ ရှိ နို့စားနွားမွေးမြူရေးခြံများ၊ နို့ နှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်မှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေး အားပေးပြီး ဒုတိယဝန်ကြီးက လိုအပ်ချက်များကို အကြံပြု ဆွေးနွေးမှာကြားသည်။
အလားတူ တောင်ခမ်းဒေသ နွားမွေးမြူရေး သုတေသနနှင့် မျိုးထိန်းမျိုးပွားခြံကို လည်း ကောင်း၊ ခြေမြစ်ပင် ဒေသနွားမွေး မြူရေးသုတေသနနှင့် မျိုးထိန်း မျိုးပွားခြံများကို လည်းကောင်း ကြည့်ရှုစစ်ဆေး အားပေးပြီး မျိုးထိန်းမျိုးပွားလုပ်ငန်း တိုးချဲ့ ဆောင်ရွက်ရေး၊ အသားကဏ္ဍ တိုးတက်မြင့်မားစေရေး အလေး ထား ဆောင်ရွက်ကြရန် လိုအပ် ချက်များကို ဆွေးနွေးမှာကြားသည်။
ညနေပိုင်းတွင် မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်မြို့ ကော်ဖီ နည်းပညာဖွံ့ဖြိုးရေးခြံ (ပွေးတောင်) ၏ ကော်ဖီမျိုးကောင်းမျိုးသန့်၊ မျိုးစေ့များ ထုတ်လုပ်ပေးနေမှု၊ စိုက်ပျိုးရေးနည်းပညာပေး သင် တန်းများပို့ချနေမှု၊ ဒေသပတ်ဝန်း ကျင်ရှိ ကော်ဖီခြံများသို့ ကွင်းဆင်း ၍ ကော်ဖီစိုက်ပျိုးနည်းပညာပေး ဆောင်ရွက်နေမှုတို့ကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီး နှင့် အဖွဲ့သည် ပြင်ဦးလွင်မြို့ ကန်တော်ကြီး ရေလှောင်ကန်သို့ ရောက်ရှိကြပြီး ယခင် နှစ်နှစ် ဆက်တိုက် မိုးခေါင်ခြင်းကြောင့် ရေဝင်ရောက်မှုနည်းပါးလာသည့် ကန်တော်ကြီးကို သဘာဝအတိုင်း ရေဝင်ရောက်မှုရှိစေရေးအတွက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာနက လုပ်ငန်းများ အကောင်အထည်ဖော် ဆောင် ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
လုပ်ငန်းများကြည့်ရှုစစ်ဆေး စဉ် ဒုတိယဝန်ကြီးက အမျိုးသား ကန်တော်ကြီးဥယျာဉ်ရှိ ကန်တော် ကြီးရေကန် ရေပိုမိုသိုလှောင်နိုင် ရေးနှင့် ကန်ပေါင်ရေယိုစိမ့်နိုင်မှု များကို အသေးစိတ်စူးစမ်းလေ့လာ ဆောင်ရွက်ရန် လိုအပ်ချက်၊ ရေဝင် ဧရိယာအတွင်း နှစ်စဉ် ရွာသွန်း သည့် မိုးရေများ ကောင်းစွာစီးဝင် နိုင်ရန်၊ ရေဝင်လမ်းကြောင်း ရေဆင်းမြောင်းများ ပိတ်ဆို့မှု မရှိစေရေးနှင့် ရေဝင်လမ်းကြောင်း ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက် ရန် လိုအပ်ချက်များကို ဆွေးနွေး မှာကြားသည်။
အမျိုးသား ကန်တော်ကြီး ဥယျာဉ် စိမ်းလန်းစိုပြည်သာယာ ရေးနှင့် ကန်တော်ကြီးအတွင်းသို့ သဘာဝအတိုင်း ရေများစီးဆင်း ဝင်ရောက်မှုရှိစေရေး အတွက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး ကွင်းဆင်း စစ်ဆေးရေးအဖွဲ့နှင့် အကောင် အထည်ဖော်ရေးအဖွဲ့တို့မှ ရေဝင် ပေါက် ငါးခုအား ရေဝင်လမ်း ကြောင်းအလိုက် ရှင်းလင်းဆောင် ရွက်ခြင်း၊ ရေခေါ်အဆောက်အအုံ များ ပြန်လည်တူးဖော်ခြင်း၊ အသစ် တည်ဆောက်ခြင်းများ ဆောင်ရွက် ခဲ့ရာ ယခင်ရေ အနက် ၁၆ ပေရှိရာ မှ ယခုအခါ ရေအနက် ပေ ၂၀ ကျော်ရှိသဖြင့် ရေ လေးပေကျော် မြင့်တက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်