မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုဖြစ်ပွားသည့်နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

 

နေပြည်တော်  ဩဂုတ်  ၁


မွန်ပြည်နယ်နှင့်  ကရင်ပြည်နယ် အတွင်း   ဇူလိုင်   ၂၅   ရက်မှစ၍ မိုးသည်းထန်စွာ     ရွာသွန်းပြီး တောင်ကျရေများ  ကျဆင်းလာမှု ကြောင့်  အများပြည်သူ အသုံးပြု သော ကားလမ်းများနှင့် ကျေးရွာ အဝင်များတွင် ရေကျော်ဝင်ရောက် မှုများ       ဖြစ်ပေါ်လျက်ရှိရာ အရှေ့တောင်တိုင်း   စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများနှင့်  ဌာနဆိုင်ရာများက  လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်  ဆောင်ရွက်ပေးလျက် ရှိသည်။

 


ထိုသို့ ဆောင်ရွက်ပေးလျက် ရှိရာ  ကရင်ပြည်နယ်  မြဝတီမြို့ အတွင်း   သောင်ရင်းမြစ်  ရေဝင် ရောက်မှုကြောင့် စာသင်ကျောင်း များနှင့်    ရပ်ကွက်များအတွင်း တင်ကျန်ခဲ့သော     ရွှံ့နွံများနှင့် အမှိုက်များကို   ယနေ့နံနက်ပိုင်း တွင် အရှေ့တောင်တိုင်း စစ်ဌာန ချုပ်   နယ်မြေခံ   တပ်မတော် သားများက    ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍  ဖယ်ရှားရှင်းလင်းခြင်း၊  ရေဘေးကယ်ဆယ်ရေး စခန်းများ နှင့် စာသင်ကျောင်းများအတွင်း တို့၌    သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

 


အလားတူ     ဘားအံမြို့နယ်  ဂျိုင်းကျေးရွာ၏     အရှေ့ဘက်  မီတာ ၇၀၀ ခန့်အကွာ မြေနိမ့်ပိုင်း ဖြစ်သည့် ဘားအံ- ကော့ကရိတ် သွား ကားလမ်းမကြီးပေါ်၌ ယနေ့ မွန်းတည့်   ၁၂    နာရီခန့်တွင် ရေကျော်    ဝင်ရောက်မှုကြောင့် လမ်းပိတ်ဆို့မှုများ ဖြစ်ပွားခဲ့သဖြင့်  အဆိုပါနေရာသို့     နယ်မြေခံ တပ်မတော်သားများ၊  ဌာနဆိုင်ရာ များနှင့်    ကျေးရွာမှ    စေတနာ့ ဝန်ထမ်းများ  ပူးပေါင်း၍ ခရီးသွား ပြည်သူများ      သွားလာရေး အဆင်ပြေစေရန်    လိုအပ်သည့် ကူညီမှုများ ဆောင်ရွက်ပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။


သတင်းစဉ်