မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုဖြစ်ပွားသည့်နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်   ဇူလိုင်    ၂၈

 


မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း ဇူလိုင် ၂၅  ရက်မှစ၍   မိုးသည်းထန်စွာရွာသွန်းပြီး  တောင်ကျ ရေများ   ကျဆင်းလာမှုကြောင့်   မြို့နယ်အချို့၌ အများပြည်သူ  အသုံးပြုသော  ကားလမ်းများနှင့် ကျေးရွာအဝင်များတွင်  ရေကျော်ဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိရာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများနှင့် ဌာနဆိုင်ရာများက လိုအပ်သည့်   ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးလျက်ရှိသည်။

 


ပြောင်းရွှေ့နေရာချထားပေး

 


ထိုသို့   ဆောင်ရွက်ပေးလျက်ရှိရာ   ယနေ့တွင် မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်းရှိ အနိမ့်ပိုင်း ရပ်ကွက်ဖြစ်သည့် ကန်သာယာရပ်ကွက်မှ အိမ်ထောင်စု ၁၈ စု၊ လူဦးရေ ၇၆ ဦးကို အဆိုပါရပ်ကွက်ရှိ အမှတ် (၂)အခြေခံပညာမူလတန်းကျောင်းသို့လည်းကောင်း၊  သထုံမြို့နယ် ဒူးရင်းဆိပ်ကျေးရွာအတွင်းရှိ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၆)ရပ်ကွက်တို့မှ အိမ်ထောင်စု ရှစ်စု၊  လူဦးရေ  ၃၂ ဦးတို့ကို   ကျေးရွာဓမ္မာရုံနှင့်  အခြေခံပညာအထက်တန်းကျောင်းခွဲ(ဒူးရင်းဆိပ်)သို့လည်းကောင်း     ပြောင်းရွှေ့နေရာချထားပေးခဲ့ သည်။

 


ထို့အပြင်  မွန်ပြည်နယ်နှင့်   ကရင်ပြည်နယ် အတွင်းရှိ    ရေဘေးကယ်ဆယ်ရေးစခန်းများနှင့် ရေကျော်ဝင်ရောက်သည့် ရပ်ကွက်၊ ကျေးရွာများမှ  ရေဘေးသင့်ပြည်သူများကို  အရှေ့တောင်တိုင်းစစ် ဌာနချုပ်ရှိ တပ်နယ်အသီးသီးမှ တာဝန်ရှိသူများက ဌာနဆိုင်ရာတာဝန်ရှိသူများ၊  လူမှုကယ်ဆယ်ရေး အဖွဲ့များနှင့်ပူးပေါင်း၍ ဇူလိုင် ၂၇ ရက်နှင့် ယနေ့တွင် အဆိုပါနေရာများသို့  သွားရောက်၍  ဆန်၊  ဆီ၊  ထမင်းဘူးနှင့်   စားသောက်ဖွယ်ရာများ   ပေးအပ် လှူဒါန်းကြသည်။

 


ထို့အပြင်        တနင်္သာရီတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တနင်္သာရီမြစ်ရေ သည်   စိုးရိမ်ရေမှတ်သို့    မြင့်တက်လာသဖြင့် တနင်္သာရီမြို့ အနိမ့်ပိုင်းရပ်ကွက်ဖြစ်သည့် ချောင်းငယ် ရပ်ကွက်အတွင်းသို့ ရေဝင်ရောက်မှုကြောင့် အဆိုပါ ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု ၁၂ စု ကို ရေဘေး  လွတ်ရာ  ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိသည့်    တနင်္သာရီမြို့  သဘာဝဘိုးဘွားရိပ်သာ  ကျောင်းသို့  ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊  တနင်္သာရီတပ်နယ်မှ နယ်မြေခံတပ်မတော်သားများ က မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ယနေ့ တွင် ပြောင်းရွှေ့နေရာချထားပေးပြီး ဆန်၊ ဆီ၊ ပဲ၊  ဆားနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခဲ့ ကြောင်း သတင်းရရှိသည်။              

 

   သတင်းစဉ်