
နေပြည်တော် ဇူလိုင် ၂၈
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် အတွင်း ဇူလိုင် ၂၅ ရက်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ ကျဆင်းလာ မှုကြောင့် မြို့နယ်အချို့တွင် ရေကျော်ဝင်ရောက်မှုများ ဖြစ်ပေါ် လျက်ရှိကာ အများပြည်သူ အသုံးပြုသော ကားလမ်းများနှင့် ကျေးရွာအဝင်များတွင် ရေကျော် ဝင်ရောက်မှုများ ဖြစ်ပေါ်လျက် ရှိရာ အရှေ့တောင်တိုင်းစစ်ဌာန ချုပ်မှ နယ်မြေခံတပ်မတော်သား များနှင့် ဌာနဆိုင်ရာများက လိုအပ် သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက်ဆောင် ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက် ရှိရာ ယနေ့တွင် မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်းရှိ အနိမ့် ပိုင်းရပ်ကွက်ဖြစ်သည့် ကန်သာ ရာရပ်ကွက်မှ အိမ်ထောင်စု ၁၈ စု၊ လူဦးရေ ၇၆ ဦးကို အဆိုပါ ရပ်ကွက်ရှိ အမှတ်(၂) အခြေခံ ပညာ မူလတန်းကျောင်းသို့ လည်းကောင်း၊ သထုံမြို့နယ် ဒူးရင်းဆိပ်ကျေးရွာ အတွင်းရှိ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၆)ရပ်ကွက်တို့မှ အိမ်ထောင်စုရှစ်စု၊ လူဦးရေ ၃၂ ဦးတို့ကို ကျေးရွာ ဓမ္မာရုံနှင့် အခြေခံပညာအထက် တန်းကျောင်းခွဲ (ဒူးရင်းဆိပ်)သို့ လည်းကောင်း ပြောင်းရွှေ့နေရာ ချထားပေးခဲ့သည်။
ထို့ပြင် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ ရေဘေး ကယ်ဆယ်ရေး စခန်းများနှင့် ရေကျော်ဝင်ရောက်သည့် ရပ်ကွက်/ ကျေးရွာများမှ ရေဘေးသင့် ပြည်သူများကို အရှေ့တောင်တိုင်း စစ်ဌာနချုပ်ရှိ တပ်နယ်အသီးသီးမှ တာဝန်ရှိသူများက ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုကယ်ဆယ် ရေးအဖွဲ့များနှင့် ပူးပေါင်း၍ ဇူလိုင် ၂၇ ရက်နှင့် ယနေ့တို့တွင် အဆိုပါနေရာများသို့ သွားရောက် ၍ ဆန်၊ ဆီ၊ ထမင်းဘူးနှင့် စားသောက်ဖွယ်ရာများ ပေးအပ် လှူဒါန်းကြသည်။
ထို့အပြင် တနင်္သာရီတိုင်း ဒေသကြီးအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တနင်္သာရီ မြစ်ရေသည် စိုးရိမ်ရေအမှတ်သို့ မြင့်တက်လာသဖြင့် တနင်္သာရီမြို့ အနိမ့်ပိုင်း ရပ်ကွက်ဖြစ်သည့် ချောင်းငယ်ရပ်ကွက်အတွင်းသို့ ရေဝင်ရောက်မှုကြောင့် အဆိုပါ ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု ၁၂ စုကို ရေဘေးလွတ်ရာ ယာယီကယ်ဆယ်ရေး စခန်း ဖွင့်လှစ်ထားရှိသည့် တနင်္သာရီမြို့သဘာဝဘိုးဘွားရိပ်သာကျောင်း သို့ ကမ်းရိုးတန်းဒေသ တိုင်းစစ် ဌာနချုပ်၊ တနင်္သာရီတပ်နယ်မှ နယ်မြေခံတပ်မတော်သားများက မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ နှင့်အတူ ယနေ့တွင် ပြောင်းရွှေ့ နေရာချထားပေးပြီး ဆန်၊ ဆီ၊ ပဲ၊ ဆားနှင့် စားသောက်ဖွယ်ရာ များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်