မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများကြောင့် လှိုင်းဘွဲမြစ်ရေလျှံ၊ မြို့ပေါ်ရပ်ကွက်အချို့ ရေကြီးရေလျှံမှုဖြစ်ပွား

ဘားအံ   ဇူလိုင်   ၂၁
ကရင်ပြည်နယ်    လှိုင်းဘွဲမြို့တွင်  မိုးသည်းထန်စွာ ရွာသွန်းပြီး    တောင်ကျရေများ    စီးဆင်းလာသည့် အတွက်  လှိုင်းဘွဲမြစ်ရေသည် ယနေ့နံနက် တိုင်းထွာ ချက်များအရ   စိုးရိမ်ရေမှတ် ၉၈၀ စင်တီမီတာအထက် ၁၀၀၀ စင်တီမီတာသို့    ရောက်ရှိနေပြီး    မြို့ပေါ် ရပ်ကွက်အချို့တွင်       ရေကျော်ဝင်ရောက်မှုများ    ဖြစ်ပွားလျက်ရှိရာ      ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ   ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ သွားရောက် ကြည့်ရှု၍  လိုအပ်သည်များ     ပြင်ဆင် ဆောင်ရွက်ထားကြရန် မှာကြားသည်။
ရှေးဦးစွာ   ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့သည်    လှိုင်းဘွဲမြို့  (က)ရပ်ကွက်၊ သဲကုန်းလမ်း  (ခ) ရပ်ကွက်၊ အမှတ်(၃)မူလတန်းလွန် ကျောင်းလမ်းတို့တွင်   လှိုင်းဘွဲချောင်းရေမြင့်တက် လာမှုကြောင့် ရေများဝင်ရောက်နေသည့်  အခြေအနေ များကို သွားရောက်ကြည့်ရှုစစ်ဆေးရာ   အခြေချ (လှိုင်းဘွဲ)စစ်ဗျူဟာမှူး၊  ဘားအံခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ လှိုင်းဘွဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်   တာဝန်ရှိသူများက ရေကျော်ဝင်ရောက် လာမှုအခြေအနေများနှင့်  နေအိမ်များတွင်ဆက်လက် နေထိုင်ရန်မသင့်ပါက  ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်း ချက်များနှင့်အညီ   ပြောင်းရွှေ့နေရာချထားပေးနိုင် ရေး ကြိုတင်စီစဉ်ဆောင်ရွက်ထားသည့်အခြေအနေများအား      ရှင်းလင်းတင်ပြကြရာ   ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက     ကိုဗစ်ကာလဖြစ် သည့်အတွက် လိုအပ်မှသာ  ပြောင်းရွှေ့နေရာချထား ပေးရန်၊    နေထိုင်စားသောက်ရေးမှအစ  ရေ၊ မီး ၊ အမှိုက်စွန့်စနစ်နှင့်      သန့်စင်ခန်းများ     လုံလောက်မှု ရှိစေရေး   စနစ်တကျ   ကြီးကြပ်ဆောင်ရွက်ပေးကြ ရန်  မှာကြားသည်။
ထို့နောက်  ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့သည်  ရေကြီးရေလျှံမှုများဖြစ်ပွားလာပါက    လှိုင်းဘွဲမြို့နယ်   ကမော့ကချူး Cyclone Center ၊   လှိုင်းဘွဲမြို့   အခြေခံပညာအထက်တန်း ကျောင်းခွဲနှင့် လှိုင်းဘွဲမြို့မ ဘောလုံးအားကစားကွင်း တို့တွင်   သတ်မှတ်အကွာအဝေးနှင့်အညီ   ပြောင်းရွှေ့ နေရာချထားပေးနိုင်ရေး   သွားရောက်ကြည့်ရှုစစ်ဆေး ကြရာ    တာဝန်ရှိသူများက   ဝင်ဆံ့နိုင်မည့်   လူဦးရေ နှင့်     စီမံအုပ်ချုပ်ရေးလုပ်ငန်းများ     ဆောင်ရွက် ပေးနိုင်မည့်     အခြေအနေများကို   ရှင်းလင်းတင်ပြ ကြရာ  တင်ပြမှုများအပေါ် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက     ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။
ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့သည် လှိုင်းဘွဲမြို့နယ်  ထီလုံကျေးရွာ အနီးရှိ   ရေဘုတ်ရေလှောင်တမံ၏   မြေသားတမံ ကြံ့ခိုင်မှုအခြေအနေ၊   ရေပိုလွှဲ၊   ရေထုတ်ပြွန်များ မှတစ်ဆင့်       ရေများ    ဖြတ်ကျော်စီးဆင်းနေမှု အခြေအနေနှင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ လာပါက     ရေလှောင်တမံအား      စီမံခန့်ခွဲနိုင်မည့် အခြေအနေတို့အား  သွားရောက်ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ က ရေလှောင်တမံနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ     ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက   ရေဘုတ်ရေလှောင်တမံ   ရေဝပ် ဧရိယာ ပတ်ဝန်းကျင်၌ ဇီဝမျိုးစုံ မျိုးကွဲများ ရှင်သန် ပေါက်ပွားနိုင်ရေးနှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည် ရေးအတွက် သစ်ပင်များ စိုက်ပျိုးပေးကြရန် မှာကြား ကြောင်း သိရသည်။  
     စောမျိုးမင်းသိန်း
(ပြန်/ဆက်)