မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကြီး- လွိုင်လင်လမ်းတောင်ပြို၍လမ်းပိတ်ဆို့

မိုးသည်းထန်စွာရွာသွန်းမှုကြောင့်  တောင်ကြီး-     လွိုင်လင်လမ်း     တောင်ပြို၍လမ်းပိတ်ဆို့ 

တောင်ကြီး      စက်တင်ဘာ   ၂၀

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် စက်တင်ဘာ ၁၀ ရက်မှစ၍ မိုးများသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများထိုးဆင်း တိုက်စားမှုကြောင့် တောင်ကြီး-လွိုင်လင်လမ်းပိုင်းရှိတစ်လုံးလမ်းနှင့် ဂငယ်ကွေ့လမ်း မိုင်တိုင်အမှတ် ၁၆၄/ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့သဖြင့် တောင်ပြိုမြေများ ဖယ်ရှားရှင်းလင်းနေမှုကို စက်တင်ဘာ ၁၉ ရက် နံနက် ၁၀နာရီခွဲက ကွင်းဆင်း ကြည့်ရှုသည်။

            တောင်ကြီး-လွိုင်လင်လမ်းပိုင်း မိုင်တိုင်အမှတ် ၁၆၃/ ၁၆၃/၄၊ ၁၆၄/၅၊ ၁၆၆/၅၊တစ်လုံးတောင် ပတ်လမ်းနှင့် ဂငယ်ကွေ့တို့တွင် မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေများ ထိုးဆင်းတိုက်စားခဲ့သဖြင့် တောင်ပြိုခြင်း၊ လမ်းပဲ့ကျပျက်စီးခြင်း၊ သစ်ပင်များလဲခြင်း တို့ကြောင့်ပိတ်ဆို့မှုဖြစ်နေသည့်  တောင်ပြိုမြေများနှင့် သစ်ပင်သစ်ကိုင်းများအား လမ်းဦးစီးဌာနနှင့် နေမင်းရောင်ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်တို့ ရှင်းလင်း ဆောင်ရွက်မှုကို သွားရောက်ကြည့်ရှု စစ်ဆေး၍ အမြန်ရှင်းလင်းဆောင်ရွက်သွားရန်၊ ယာဉ်များပုံမှန်သွားလာနိုင်ရေး၊ ဘေးအန္တာရာယ် ကင်းရှင်းရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်ရေး စနစ်တကျဆောင်ရွက်သွားရန်မှာကြားပြီး လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

                                                                                                                             ပြည်နယ်ပြန်/ဆက်