
နေပြည်တော် ဇူလိုင် ၂၂
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့ နယ်အတွင်း ယနေ့နံနက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လှိုင်မြစ်ရေ မြင့်တက်လာပြီး တိုးချဲ့(၃)ရပ်ကွက်အတွင်း ရေ ဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ရာ ရပ်ကွက်အတွင်းရှိ နေအိမ် ၂၀ ရေများ လေးပေခန့် ဝင်ရောက်ခဲ့ သည်။
အဆိုပါ ရေဝင်ရောက်မှု ဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်နေ ပြည်သူများကို မှော်ဘီတပ် နယ်မှ တပ်နယ်မှူး ဗိုလ်မှူးချုပ် မင်းမင်းစိုးနှင့် တာဝန်ရှိသူများ က စားသောက်ဖွယ်ရာများ သွားရောက်ထောက်ပံ့ ပေးအပ် ကာ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အလားတူ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင်း ယနေ့ နံနက် ၉ နာရီခန့်တွင် မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် မော်လမြိုင်မြို့ ရွှေတောင်ရပ်ကွက် ရှိ အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်း၏ အုတ် တံတိုင်း အောက်ခြေမြေသားများ ပျော့ကာ ကျောင်းဝင်းအနီးရှိ လက်ဖက်ရည်ဆိုင်ပေါ်သို့ ပြိုကျခဲ့ သဖြင့် ဆိုင်ပိုင်ရှင်အပါအဝင် အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး သုံးဦး သေဆုံးခဲ့ပြီး အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
အဆိုပါ အုတ်တံတိုင်းပြိုကျမှု နေရာသို့ အရှေ့တောင်တိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ပညာရေး မှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည့်ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်