လွယ်ဂျယ် ဇွန် ၂၉
မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ဇွန် ၂၉ ရက် နံနက် ၁၁ နာရီခန့်တွင် လွယ်ဂျယ်− မိုးမောက်သွား ကား လမ်းမကြီး မြေသားနိမ့်ကျပျက်စီး မှုဖြစ်၍ ယာဉ်ငယ်များသာ သွား လာနိုင်ပြီး ကုန်တင်ယာဉ်ကြီး များ ရပ်နားထားရကြောင်း သိရ သည်။
လမ်းပျက်စီးရာသို့ မြို့အုပ်ချုပ် ရေးမှူး ဦးယဉ်မင်းထွန်း၊ နယ်မြေခံ စခန်းမှူး ရဲအုပ် လင်းအောင် တို့က သွားရောက်ကြည့်ရှု စစ်ဆေးရာ လွယ်ဂျယ်−မိုးမောက် ကားလမ်းမိုင်တိုင် အမှတ်(၄၄)အနီးတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေသား အရှည် ပေ ၁၂၀ ခန့်သည် အနက်တစ်ပေ ခန့် မြေသားနိမ့်ကျပျက်စီးနေ ကြောင်း သိရသည်။ အဆိုပါ ပျက်စီးနေသော လမ်းပိုင်းကို ပြန်လည်ပြင်ဆင်ဆောင်ရွက်နိုင်ရေး၊ ကုန်တင်ယာဉ်ကြီးများ သွားလာနိုင်ရေးအတွက် လမ်း ဦးစီးဌာနနှင့် ဟုန်ရှင်းကျန်းဘ လမ်း ဆောက်လုပ်ရေးကုမ္ပဏီတို့မှ စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
လွယ်ဂျယ်(ပြန်/ဆက်)



