
စစ်ကိုင်း ဧပြီ ၉
စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ကြီးမှူး၍ ဆင်တပ်ကျေးရွာရှိ မိုးသီးနှံစိုက်တောင်သူများ၏ မိုးသီးနှံစိုက်ခင်းများတွင် အသုံးပြုနိုင်ရန် စပါးခွံပေါင်းခံရည် ပြုလုပ်သုံးစွဲနည်းကို ဧပြီ ၈ ရက်က လက်တွေ့သရုပ် ပြသသည်။
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဇော်ဦးက သက်ဆိုင်ရာ နည်းပညာပြန့်ပွားရေးစင်တာများမှ တာဝန်ခံများက စပါးခွံပေါင်းခံရည် ပြုလုပ်သုံးစွဲနည်းကို လက်တွေ့ပြသပေးသွားမည်ဖြစ်ကြောင်း၊ တောင်သူ များအနေဖြင့် လက်တွေ့ပြုလုပ်သုံးစွဲပါက ဈေးနှုန်းသက်သာပြီး အပင် များကိုအားပေးကာ မှိုသတ်ဆေးနှင့် ပိုးသတ်ဆေးများအဖြစ် အသုံးပြု နိုင်ကြောင်း၊ သိရှိလိုသည်များကိုလည်း မေးမြန်းစေလိုကြောင်း ပြောကြား ခဲ့ပြီး တာဝန်ခံများက လက်တွေ့သရုပ်ပြပေးခဲ့ကြသည်။
စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ တောင်သူများ ရာသီအလိုက် စိုက်ပျိုးသီးနှံများ အထွက်နှုန်းကောင်းရရှိ စေရန် သက်ဆိုင်ရာတိုက်နယ် နည်းပညာပြန့်ပွားရေးစင်တာများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန်လည်း စီမံဆောင်ရွက်ပေးထားကြောင်း သိရသည်။
ခိုင်ဇေယျ