
မြို့သစ် ဇန်နဝါရီ ၁၂
မကွေးတိုင်းဒေသကြီး မြို့သစ် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မြစိမ်း ရောင်ကျေးရွာ စီမံကိန်းဖြင့် စတင် အကောင်အထည်ဖော် ဆောင်ရွက်မည့် မြေပြင်သာ ကျေးရွာအုပ်စု သန်းကုန်းကျေးရွာ ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကို မြို့သစ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီ က ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေး မှူး ဦးကျော်ဝင်းထက်နှင့် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေး ဦးစီးမှူး ဒေါ်ခင်ဆွေမြင့်တို့က ကျေးလက်နေပြည်သူများ အလုပ် အကိုင်အခွင့်အလမ်းနှင့် မိသားစု ဝင်ငွေ တိုးပွားစေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာ စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ကျပ်သိန်း ၃ဝဝ ကို ထုတ်ချေးခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်အုပ်ချုပ် ရေးမှူးက မြေပြင်သာအုပ်စု သန်းကုန်းကျေးရွာ မြစိမ်းရောင် စီမံကိန်း ကော်မတီဝင်များထံ ရန်ပုံငွေများ လွှဲပြောင်းပေးအပ် ခဲ့ကြောင်း သိရသည်။
ကိုဇော်(ပြန်/ဆက်)