မိုးရွာသွန်းမှုနှင့်ဆက်စပ်သော မတော်တဆမှုများကြောင့် အိန္ဒိယနိုင်ငံ၌ ၆၉ ဦး သေဆုံး

 

နယူးဒေလီ    ဇူလိုင်   ၁၃


မိုးရွာသွန်းမှုနှင့်    ဆက်စပ်သော မတော်တဆမှုများကြောင့် အိန္ဒိယ နိုင်ငံအနောက်ပိုင်း     ဂူဂျာရတ် ပြည်နယ်၌       ဇွန်   ၁  ရက် နောက်ပိုင်း     လူ ၆၉ ဦး သေဆုံးခဲ့ ကြောင်း    တာဝန်ရှိသူများက ဇူလိုင် ၁၃ ရက်တွင် ပြောသည်။ လွန်ခဲ့သော  ၂၄  နာရီအတွင်း မိုးရွာသွန်းမှုနှင့်   ဆက်စပ်သော မတော်တဆမှုကြောင့် ခြောက်ဦး သေဆုံးခဲ့ပြီးနောက်     ယခုနှစ် ဇွန် ၁ ရက်   နောက်ပိုင်း သေဆုံးသူ ၆၉  ဦးအထိ  မြင့်တက်လာခဲ့ခြင်း ဖြစ်ကြောင်း ဒေသဘေးအန္တရာယ် စီမံခန့်ခွဲမှုဝန်ကြီး       ရာဂျင်ဒရာ ထရီဗီဒီက မီဒီယာကို ပြောသည်။ 

 


ထရီဗီဒီ၏  ပြောကြားချက်အရ သေဆုံးသူများသည်    မိုးကြိုးပစ် ခြင်း၊    ရေနစ်ခြင်း၊  နံရံပြိုကျခြင်း၊ သစ်ပင်များ       အမြစ်လန်ခြင်း၊ ဓာတ်တိုင်များ  လဲကျခြင်း  စသည် တို့ကြောင့်ဖြစ်ကြောင်း     သိရ သည်။   အိန္ဒိယနိုင်ငံ မိုးလေဝသ ဌာနသည် လာမည့် ငါးရက်အတွင်း ခရိုင်အများအပြား၌     မိုးသည်း ထန်စွာ      ဆက်လက်ရွာသွန်းနိုင် ကြောင်း  သတိပေးချက်  ထုတ်ပြန် ထားသည်။    အိန္ဒိယအစိုးရသည် ရေဘေးသင့်ဒေသများမှ လူပေါင်း ၂၇၈၉၆ ဦးကို   ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။ 

 


အိန္ဒိယနိုင်ငံ၌   မိုးသည်းထန် စွာရွာသွန်းမှုကြောင့်   အဝေးပြေး လမ်းများနှင့် ရွာလမ်းများ  အပါ အဝင် စုစုပေါင်း လမ်း ၃၈၈ လမ်း ကို   ပိတ်ထားခဲ့ရကြောင်း   သိရ သည်။                                                 
                   

ဆင်ဟွာ